(Unicode)
ရှောင်းကျန့် ရှေ့ကဆရာဝမ်ဆိုတဲ့ဝမ်ပေါက်စီလေးကိုကြည့်ရင်းသူ့ဘေးကထွက်သွားဖို့လုပ်နေတဲ့ယွီပင်းကိုဂုတ်ကနေလှမ်းဆွဲလိုက်ကာ"ယွီပင်း...မင်းသွားကြိုလာတဲ့ဆရာဆိုတာဟိုတစ်ယောက်လား...နာမည်ဘယ်လိုခေါ်လဲ ပြီးတော့ဘယ်မေဂျာကဆရာတဲ့လဲဘယ်ကလာတာတဲ့လဲ ငါ့ကိုခုချက်ချင်းပြောပြကွာ..."
"ဟေ့ရောင်ရှောင်းကျန့် မင်းငါ့အက်ျီကိုဆွဲထားတာအရင်လွှတ်ပေးဦး...ဒီမှာလည်ပင်းအစ်ပြီးတမလွန်ရောက်တော့မယ်...ဘယ်လိုဖြစ်နေမှန်းမသိဘူး..."
ရှောင်းကျန့် သူဆွဲထားတဲ့ယွီပင်းအက်ျီကိုလွှတ်ပေးလိုက်တော့ယွီပင်းကသူ့ရဲ့ဖိုးရိုးဖားရားအက်ျီကြီးကိုသေသေသပ်သပ်ဖြစ်အောင်ပြင်လိုက်ပြီးမှသူ့ကိုပြောပြမလိုလုပ်ပြီးကာမှလျှာထုတ်ပြကာပြေးထွက်သွားလေရဲ့။
"ဟာ...ဟေ့ရောင်ယွီပင်း မင်းတော့..."
ရှောင်းကျန့် ယွီပင်းကိုကြုံးဝါးရင်းယွီပင်းနောက်ကိုပြေးလိုက်သွားလိုက်တယ်။ယွီပင်းကရိပေါ်ကိုနှုတ်ဆက်မလိုရှိသေးရှောင်းကျန့်ကအနားရောက်ချလာကာ
"ဒီကဆရာဝမျဆိုတာလား..."
"ဟုတ်ပါတယ်...ယွီပင်းသူက..."
"အာ ဆရာဝမ်သူကကျွန်တော့်သူငယ်ချင်းရှောင်းကျန့်တဲ့ ကျွန်တော်နဲ့တမေဂျာတည်းပဲ..."
"အော်...အင်းရှောင်းကျန့် တွေ့ရတာဝမ်းသာပါတယ် ဆရာ့နာမည်ကဝမ်ရိပေါ်ပါ ယွီပင်းခေါ်သလိုဆရာဝမ်လို့ခေါ်လို့ရတယ်နော်..."
"ဟအင်း...ကျွန်တော်ကဆရာ့ကိုသူများတွေခေါ်သလိုဆရာ့ကိုမခေါ်ချင်ပါဘူး...အင်းးး ဘယ်လိုခေါ်ရင်ကောင်းမလဲ..."
ယွီပင်းမှာတော့မေးစေ့ကိုပွတ်ကာစဥ်းစားခန်းဖွင့်နေတဲ့ရှောင်းကျန့်ကိုကြီးကျယ်လိုက်တာဆိုတဲ့အကြည့်နဲ့မျက်စောင်းထိုးကာနှခေါင်းတရှုံ့ရှုံ့။ရှောင်းကျန့်သူ့ကိုနားမလည်သလိုကြည့်နေတဲ့မျက်ကြောင်ဆရာလေးမျက်နှာနားတိုးကပ်သွားလိုက်ကာအကြည့်ချင်းဆုံစေလိုက်ပြီး
"ဝမ်ငယ်..."
"အမ်...ဘယ်သူ့ကို..."
ရှောင်းကျန့် ရဲ့ထူးထူးဆန်းဆန်းအခေါ်ဝေါ်ကြောင့်ရှေ့ကဝမ်ပေါက်စီကမျက်လုံးအပြူးသားလေးနှင့်ကြောင်နန။
YOU ARE READING
မောင်သာလျှင်...[Complete]
RomanceZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]