U10. Pulse

364 46 0
                                    

10. Pulse

ဆရာဝန်က Kai လက်ကို ချုပ်ပေးနေတာလား ဘာလားမသိ၊ အဲ့ဒီ့အချိန်မှာ Kyung Soo ကတော့ အပြင်ဘက်ဧည့်ခန်းက ဆိုဖာပေါ် ကုတ်ကုတ်လေး ငြိမ်နေမိသည်။ ရှက်လိုက်တာဆိုတာလေ။ ခုနက Sehun ဝင်လာတုန်းက ဘာတွေများ ထင်သွားလဲမသိ။ ဒဏ်ရာရလာတာ ဘာကြောင့်၊ ကုတင်ပေါ် ရောက်နေတာ ဘာကြောင့်ဆိုပြီး စာရင်းကောက်ခံရသလို တစ်ခုချင်းစီကို ဖြေရှင်းချက် ပေးထားပေမဲ့ Sehun မျက်နှာပေါ်က ပြုံးစေ့စေ့ အမူအရာကိုတော့ ပျောက်ရှသွားအောင် Kyung Soo မလုပ်လိုက်နိုင်ခဲ့။

"ဘာလဲ စိတ်ပူနေတာလား..."

"အင်း... အဲ... မဟုတ်ပါဘူး။"

Kyung Soo ပြောရင်း Sehun ကို မော့ကြည့်လိုက်သည်။ Sehun က ဆိုဖာပေါ် ဝင်ထိုင်ရင်းက Kyung Soo ပခုံးပေါ် လက်တစ်ဖက် လှမ်းတင်သည်။

"It's okay. ငါနားလည်ပါတယ်"

"ဘာကို နားလည်တာလဲ..."

Kyung Soo မေးမေးစမ်းစမ်းနဲ့ ပခုံးပေါ်က လက်ကို ဖယ်ချမည်အပြု Sehun က ပခုံးကို သူ့ဘက်ယိုင်လာအောင် ဆွဲရင်း နားရွက်ထဲ တိုးတိုးကပ်ပြောသည်။

"မင်း Kai အပေါ်မှာ ခံစားချက်တွေ ရှိနေတာ မဟုတ်လား..."

"ခံ... ခံစားချက်? မရှိပါဘူး။ ရှိစရာလား။ ငါတို့က ယောက်ျားအချင်းချင်းကို..."

Kyung Soo ပြောရင်းက Sehun ရဲ့ လက်မောင်းကြားထဲက အတင်းရုန်းထွက်လိုက်သည်။ Sehun ကတော့ ခပ်ဟက်ဟက်ရယ်ရင်း ဆိုဖာပေါ် နောက်လှန်မော့ကာ ရယ်နေ၏။

"မျက်နှာတွေ နီလာပြီ။"

"မဟုတ်ဘဲနဲ့..."

"အကောင်းပြောတာ၊ Ain't kidding."

Sehun စကားကြောင့် Kyung Soo ကိုယ့်မျက်နှာကိုယ် လက်ဖဝါးနဲ့ ပွတ်ရင်းပွတ်ရင်း ခေါင်းခါနေမိသည်။ ကိုယ်တော်လေး Sehun ကတော့ ဘာတွေ သဘောတော်ခွေ့နေသည်မသိ၊ အူနှိပ်ကာ ရယ်နေတာမှ မရပ်တော့။

"Kai က မင်းကို ကာကွယ်ပေးလိုက်တာပဲ။ အင်း... ဒီကိစ္စက စဉ်းစားစရာပဲ။ ဟာဟ... Kai က ဘယ်တုန်းကမှ သူများကို ကူညီခဲ့ဖူးတဲ့ကောင် မဟုတ်ဘူး။ မင်းနဲ့ကျမှ အရည်တွေဘာတွေ ပျော်လို့... ဟက်ဟက်..."

Untamed HeartsWhere stories live. Discover now