U14. No X but an O

349 35 0
                                    

14. No X but an O

~Several Hours Ago~

အင်္ကျီအနားစွန်းတို့က လပ်ဖလပ်မြည်သံပေးကာ လေကိုဆန်ကာ တိုးဝှေ့နေကြသည်။ ဆိုင်ကယ်၏ အရှိန်က အနည်းငယ်ပြင်းသည်မို့ လေတိုးသံတို့က Kyung soo ၏ ခေါင်းဆောင်းထဲထိတောင် ကျယ်ကျယ်လောင်လောင် တိုးဝင်လာကြသည်။ ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနေသော Kai ရဲ့ ပခုံးကို စိုက်ကြည့်ရင်း Kyung Soo စိတ်ထဲ တစ်မျိုးကြီး ဇဝေဇဝါ ဖြစ်နေမိသည်။

သူ့ကို နောက်နေတာ မဟုတ်တာ ခံစားသိနေပေမဲ့ ပေါ့ရွှတ်ရွှတ်... အင်း... ပေါ့ရွှတ်ရွှတ်ပြောလိုက်သလို ခံစားရသည်။ သူ့ကို တကယ်ချစ်နေမိပြီလို့ Kyung soo ကိုယ့်ကိုယ်ကို သိပ်ပြီးလက်မခံနိုင်သေး။ ဒီလိုချစ်နေရတာကပဲ သဘာဝနဲ့ ဆန့်ကျင်ထားသလိုလို...

"မင်းခုနက လိမ်တာမဟုတ်ပါဘူးနော်။"

"ဟင်...?"

လေသံနဲ့ မသဲကွဲတာကြောင့် Kai က ပြန်အော်မေးဟန်တူသည်။ Kyung Soo အသံကိုမြှင့်ကာ အော်လိုက်သည်။

"မင်းခုနက လိမ်တာမဟုတ်ပါဘူးနော်လို့..."

"ပြီးကျမှပြောပါလား။ ငါမကြားရဘူး"

သူက ပြောရင်း ဆိုင်ကယ်ကို အရှိန်ထပ်တင်တော့ Kyung Soo သူ့အင်္ကျီကို ဆွဲဆုပ်မိလိုက်သည်။

"သေကုန်တော့မှာပဲ!"

Kyung Soo အော်မိလိုက်တော့ Kai ထံက ရယ်သံလိုလို မသဲကွဲသော အသံတစ်ခုကို ကြားရသည်။ သူ့ ကျောနည်းနည်းတုန်သွားတာမို့ အသံထွက်လာတယ် ဆိုတာတော့ သိလိုက်ရပေမဲ့ ဘာသံမှန်းမသိလိုက်။ ဂျာကင်အနက်ရောင် ဝတ်ထားသောကျောကို ကြည့်ရင်း Kyung Soo ရင်ထဲ မရိုးမရွဖြစ်လာသည်။

*အင်း... သူ့ကျောကို နားနဲ့ကပ်ကြည့်ရင် စကားသ ံကြားရမလားမသိ*

ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်လိုက်တဲ့ အတွေးပါလိမ့်နော်။ Kyung Soo အရှေ့နည်းနည်းတိုးကာ သူ့ခါးကို လက်နဲ့ကိုင်လိုက်သည်။

"Kyung Soo...."

သူ စကားထပ်ပြောပြန်ပြီ။ ဒါပေမဲ့ ဘာမှန်းမကြားရ။ လေဒီလောက်တိုးနေတာ ဘယ်လိုကြားရမှာတဲ့လဲ။

Untamed HeartsWhere stories live. Discover now