U05. Smirk's Prince

414 46 0
                                    

05. Smirks' Prince

Kai က တစ်ချက်မဲ့ပြုံးပြုံးသည်။ Smirk ဆိုရင် ပိုမှန်ပါမည်။ ဒါပေမဲ့ မျက်နှာထားက ကြောက်စရာ ကောင်းသော အရောင်အဝါတစ်မျိုးနှင့်။ နောက်က လူနှစ်ယောက်ကတော့ ရှေ့မှာ လဲကျနေတဲ့ ဏဏဏသူတို့လူကိုကြည့်ကာ Kai ၏ အပြုံးကို နည်းနည်းလောက်တော့ လန့်သွားသည့်ပုံ..

"Let him go."

Kai ကို သူတို့က သိပ်ကျေနပ်ကြပုံမပေါ်။ အဲ့ဒီ့အချိန်မှာပဲ သူ့ကိုချုပ်ထားသူနှစ်ဦးဆီက တစ်ဦးက သူ့ကိုလွှတ်ကာ Kai ဆီပြေးဝင်ကာ ညာလက်ဖြင့် ပစ်ထိုးသည်။

သူပါတော့ နောက်တစ်ယောက်ကလည်း Kyung Soo ကို လွှတ်ကာ ပြေးသွားတာကြောင့် Kyung Soo မြေပေါ်ကျသွားသည်။ အစကတည်းက ခြေမခိုင်ချင်ရတဲ့အထဲ ခုနက အထိုးခံထားရတော့ ဝမ်းဗိုက်ဆီက အောင့်တောင့်တောင့် ဖြစ်တာနဲ့ရောကာ မြေပေါ်က ချက်ချင်း မထနိုင်။ နာနေရာဗိုက်ဆီကို လက်ဖြင့်အသာဖိရင်း ရှေ့ကိုကြည့်မိတော့ Kai က သူမနိုင်ခဲ့သည့် လူနှစ်ယောက်တွေ၏ တိုက်ခိုက်ချုပ်ကိုင်မှုတွေကို အသာပဲ ရှောင်တိမ်းနေတာ တွေ့ရသည်။

ဒီလောက် သန်မာပြီး အတိုက်အခိုက်က ကောင်းတယ်ဆိုတာထက် တော်နေကာ လက်ရဲဇက်ရဲလည်း ရှိနေမှတော့ တခြားသူတွေ သူ့ကို ကြောက်ရွံ့ကြတာလည်း မဆန်းတော့ပါဘူးလေ။

Kyung Soo လက်အောက်က ခပ်သွေ့သွေ့ မြေတွေနဲ့ရောနေတဲ့ မြက်ပင်တွေကို ဆုပ်ကိုင်ကာ အားယူကာ အသက်ပြင်းပြင်းရှူရင်း မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။

"အာ့..."

မရ။ လုံးဝမရ။ အသုံးမကျတဲ့ ခြေထောက်တွေက အားကိုးလို့ မရတော့ဘူးလေ။ ခုနက တိုက်ခိုက်တဲ့အချိန်မှာ ဟိုလူတွေနဲ့ ခိုက်မိထားတာတွေပဲလား မသိ။ အခုတော့ ခြေသလုံးဆီက နာကျင်နေသည်။

"ထလေ..."

စကားနှစ်လုံး ပြောလာသူကို ဆတ်ခနဲ မော့ကြည့်မိတော့ သူ့ကို ငုံ့ကြည့်နေသော မျက်နှာတစ်ခု။ မီးအလင်းရောင်မရှိတာမို့ မသဲကွဲပေမဲ့ သေချာပါတယ်... မျက်နှာထားက တည်ကြည်တင်းမာနေဦးမယ် ဆိုတာ။ ဒါနဲ့များ ဘာကြောင့် Kyung Soo ကို ကယ်လိုက်တာလဲဆိုတာ လုံးဝစဉ်းစားမရ။

Untamed HeartsTempat cerita menjadi hidup. Temukan sekarang