Z01. Noises And Voices

31.3K 1.3K 23
                                    

01. Noises And Voices


အရုဏ်​တက်​ချိန်​မှာ အ​မေရိကန်​နိုင်​ငံ၊ California ပြည်​နယ်​၏ တစ်​စိတ်​တစ်​ပိုင်းမှာ ​လေတို့က ခပ်​ပြင်းပြင်းတိုက်​ခတ်​လျက်​ရှိသည်​။

"​နောက်​ကျတဲ့​ခြေ​ထောက်​ ​သစ္စာ​ဖောက်​ပဲ..."

ခပ်​တိုးတိုး​ရေရွတ်​ရင်း ကိုယ်​ပိုင်​သ​င်္ဘော၊ ငါးဖမ်းသ​င်္ဘောတို့ ဆိုက်​ကပ်​ရာ ကမ်းနားလမ်း​ဆီ ​ရောက်​​သော လမ်းကြားကျဉ်းကျဉ်း​တွေထဲ တိုး​ဝှေ့​ပြေးလာတဲ့ ​ကောင်​​လေးတစ်​​ယောက်​။ ငါး​ပေရှစ်​လက်​မလို့ အကြမ်းဖျင်း ခန့်​မှန်းနိုင်​​သော အရပ်​နှင့်​ အနည်းငယ်​​သေး​သော ကိုယ်​လုံးကို ပိုင်​ဆိုင်​ထားတဲ့ သူက ​နားကြပ်​အပြာရင့်​​ရောင်​ကို လည်​ပင်းမှာ ပတ်​လျက် ခပ်​မြန်​မြန်​​လေး ​ပြေးလာတာပါ။

ကောင်​​လေး၏ နာမည်​က Do Kyung Soo. Lee Kyung Soo လည်း မမှား။ သူ့​နောက်​က မီတာအနည်းင​ယ်​အကွာမှာ​တော့ ​ကောင်​​လေးကို လိုက်​လံဖမ်းဆီး​နေပုံရတဲ့ အမည်း​ရောင်​ဝတ်​ထား​သော ရှစ်​​ယောက်​ထက်​မနည်းသည့်​ လူတစ်​စု။

Kyung Soo ခပ်​မြန်​မြန်​​လေး ပို​ပြေးဖို့ကြိုးစားရင်း ​ကောင်းကင်​ကို​မော့ကြည့်​လိုက်​​တော့ အလင်း​ရောင်​​တွေ ပွင့်​အံစပြု​နေပြီဖြစ်​တဲ့ ​လင်းစ​ကောင်းကင်​ကို မြင်​လိုက်​ရသည်​။ သူ​ပြေး​နေတာ နာရီဝက်​​လောက်​ကြာပြီဆိုတဲ့ အဓိပ္ပါယ်​​ပေါ့။

Kyung Soo အသက်​ကို မနည်းလုရှူရင်း ​ဘေးမှာရှိတဲ့ နံရံတစ်​ခုကို ​ကျောပြင်​ကပ်​မှီကာ ​သူ​ပြေး​နေရသည့်​​ အကြောင်းကို တစ်​​ကျော့ပြန်​စဉ်းစားမိပြန်​သည်​။

~•~•~•~

#An Hour Ago

မျက်​နှာဆီ တိုက်​ခတ်​လာတဲ့ သူစိမ်းဆန်​ဆန်​ကြိုဆို​နေ​သော ​အေးစက်​စက်​လေထုကို Kyung Soo မျက်​လုံးစုံမှိတ်​ကာ ခံစားရင်း နား​ထဲက အပြာရင့်​​ရောင်​ နားကြပ်​မှ သံစဉ်​အတိုင်း လက်​​ချောင်း​အဆစ်​​တွေနှင့်​ ထိုင်​​နေရာ အုတ်​ခုံကို ခပ်​သာသာ​ခေါက်​​နေမိသည်​။ တစ်​ခါတစ်​ရံလည်း ပါးစပ်​က လိုက်​ကာ သီချင်းစာသားအချို့ကို ရွတ်​​နေမိသည်​။ သီချင်းသံ​စဉ်​ထဲ ​ပျော်​ဝင်​​နေမိတာ ပခုံး​ပေါ်ကို လက်​​တစ်​ဖက်​အကျမှာမှ ရုတ်​တရတ်​သတိဝင်​လာကာ...

Untamed HeartsWhere stories live. Discover now