Z23. Unraveller

8.4K 778 52
                                    

23. Unraveller

Kyung Soo ​ရဲ့ ​ခြေဖ​နောင့်​အစုံ ​မြေကြီးနှင့်​ပြန်​ထိထိချင်း အသက်​ဝ​အောင်​ရှူ​နေရသည်​မို့ Kai ကို ဘာမှမ​ပြောနိုင်​​သေး။ သို့​သော် သူ့ကို ​မော့ကြည့်​ရင်းက ​ဆောင့်​တွန်းမိလိုက်​သည်​။

"အဲ့ဒီ့ ​အောင်​နိုင်​သူအပြုံးကြီးက ဘာကြီးလဲ...!"

Kyung Soo ​အော်​လိုက်​​တော့ သူက တစ်​ချက်​ ဟက်​ခနဲ​နေ​အောင်​ ရယ်​သည်​။ နှုတ်​ခမ်းပြည့်​ပြည့်​​အောက်​က သွားဖြူဖြူ​တွေက အမြင်​ဆန်းသည်​မို့ သူ့အပြုံးမှာ ​မျောပါသွား​တော့မတတ်​ ဖြစ်​​နေ​ပေမဲ့ ကိုယ့်​စိတ်​ကိုယ်​ထိန်းနိုင်​လိုက်​သည်​မို့ မျက်​​မှောင်​ကြုတ်​ကာ ဆက်​ကြည့်​​နေမိသည်​။

"ချစ်​စရာ​ကောင်းလို့"

"ဘာရယ်​...."

သူ့ကို ချစ်​စရာ​ကောင်းတယ်​လို့ ​ပြောတာ​လောက်​ Kyung Soo မုန်းတာမရှိ။ သူ့ကို ​သေး​သေး​ကွေး​ကွေး က​လေး​လေးတစ်​​ယောက်​လို ဆက်​ဆံ​နေသလို ခံစားရတာ​ကြောင့်​ဖြစ်​သည်​။

Kai က မလိုအပ်​ပါဘဲ ခါးကို ​လေးဆယ့်​ငါးဒီဂရီ​လောက်​ ညွတ်​ကိုင်းကာ Kyung Soo နဲ့ မျက်​နှာချင်းဆိုင်​လာသည်​။ ပြီး​တော့ တစ်​ချက်​ပြုံးပြန်​သည်​။ တစ်​​နေ့တည်း သူနှစ်​ခါပြုံးသည်​ဆို​တော့ ​နေသာလှသည့်​ ကယ်​လီဖိုးနီးယားပြည်​နယ်​မှာ မိုးကြိုး​တွေပစ်​ချကုန်​​တော့မလားပဲ....

"မင်း​ရောက်​လာမယ်​လို့ ငါယုံသားပဲ..."

"မုန်းစရာ​ကောင်းလိုက်​တာ! ငါက​တော့..."

"​ခေါင်းငုံ့!"

Kyungsoo စကားမဆုံး​သေးခင်​ Kai က ပခုံးကိုလက်​နှင့်​ဖိကာ ကြမ်းပြင်​​ပေါ် ဒူးညွတ်​ချလိုက်​သည်​မို့ Kyungsoo ပါ ငုံ့ချမိလျက်​သား... ထိုအခိုက်​မှာပဲ ​သေနတ်​ကျည်​ဆန်​တစ်​​တောင့်​က ခုနက Kyung Soo ရဲ့ ​ခေါင်းရှိ​နေရာသို့ ဖြတ်​သန်းသွား​လေသည်​။

"​လာ..."

Kai က စကားတစ်​လုံးတည်း​ပြောကာ Kyungsoo ရဲ့လက်​​ချောင်း​တွေကို ​သေချာဆုပ်​ကိုင်​လိုက်​သည်​။ သူ့လက်​ကို ကိုင်​ထားသည့်​ Kai လက်​​ချောင်းတစ်​​ချောင်းချင်းဆီက ပူ​နွေးမှု​တွေကို သူခံစား​နေမိ၏။ Kai က ​ခြေကျင်းဝတ်နားမှာ ကြိုးနှင့်​ကပ်​ချည်​ထား​သော ​သေနတ်​ကိုဆွဲထုတ်​ရင်း Kyungsoo ကို လက်​ဆွဲ​ခေါ်သွားသည်​။

Untamed HeartsWhere stories live. Discover now