U22. Not-So-Rebellious

291 32 0
                                    

22. Not-So-Rebellious

လတ်တလောဖြစ်နေသည့် ကိစ္စမှန်သမျှသည် Kyungsoo အတွက် အဓိပ္ပါယ်မရှိပါ။

ဒီလောကကို ရောက်နေတာ မကြာသေးသော်လည်း သူတို့ လွယ်လွယ်ပြောသည့် Mission ဆိုတာတွေ နောက်မှာ မှောင်ခိုမှု၊ လူသတ်မှုစသည့် အလုပ်များ ရှိနေတတ်ကြောင်းကိုတော့ Kyungsoo သိပြီးသားပင်။ သို့သော် လက်ထပ်ရမည်ဆိုတာကတော့ တော်တော့်ကို အဓိပ္ပါယ်မရှိ။

ပြီးတော့ သူခြေချုပ်မိနေခြင်းကလည်း အဓိပ္ပါယ်မရှိပါ။

Sehun ကို တွေ့ပြီး နောက်တစ်နေ့မနက်ခင်းမှာပဲ Kyungsoo တံခါးဖွင့်ဖွင့်ချင်း မျက်နှာအချို့ကို မြင်လိုက်ရသည်။ တစ်ယောက်ကတော့ သူသိသော Baekhyun. ကျန်နှစ်ယောက်ကတော့ ထောင်ထောင်မောင်းမောင်းရှိသော မျက်နှာစိမ်းများ ဖြစ်သည်။ သို့သော် ဘယ်လိုပြောပြော အနက်ရောင်အင်္ကျီတွေ ဆင်တူမဝတ်ထားတာကလွဲလို့ သူတို့အကုန်လုံးက ဘော်ဒီဂတ်တွေဆိုတာ အသိသာကြီးပင်။

ပြေးကြည့်စရာမလိုပါ၊ တွေးကြည့်ရုံနဲ့တင် သိသည်။ Kyungsoo သူ့ဆီပြေးသွားလို့မရအောင် ကြိုတင်ကာကွယ်လိုက်သည့်သဘော... Lee Soo Man သူ့ဘဝကို ချျုပ်ချယ်ပြန်ပြီ။ သူ့ကို သားအဖြစ်တောင် အသိအမှတ်မပြုဘဲ ဆယ်စုနှစ်နှစ်နှစ်နီးပါး ပစ်ထားပြီးတော့များ...

"Chanyeol ရော...."

Kyungsoo မျက်တောင်မခတ်ပဲ စိုက်ကြည့်ရင်း မေးလိုက်တော့ Baekhyun က ဆံပင်ပန်းရင့်ရောင်တွေကြားက မျက်လုံးတွေ မှေးသွားအောင် ပြုံးပြရင်း ချက်ချင်းတုံ့ပြန်သည်။

"သူအလုပ်ကိစ္စနဲ့သွားတယ်... New York ကို"

"တကယ်အလုပ်ရှိတာလား... ပထုတ်ထားတာလား?"

Kyungsoo ဝသီအတိုင်း ခပ်ဆတ်ဆတ်ထောက်မေးတော့ Baekhyun က ပခုံးတွန့်ပြ၏။ ဟုတ်တယ်လေ... သူမဖြေလည်း Kyungsoo အမှန်တရားကို နားလည်နေသည်ပဲဟာ။

"အဲ့ဒီ့တော့... မနက်စာစားမယ်မလား သခင်လေး...."

"မစားဘူး! သွားကြ!"

Kyungsoo အကျယ်ကြီးအော်ရင်း တံခါးကို ဒေါသတကြီးနှင့် အားကုန်ဆောင့်ပိတ်ပစ်လိုက်၏။

Untamed HeartsWhere stories live. Discover now