U03. So Done, So Dead

451 49 0
                                    

03. So Done, So Dead

ညနေလေးနာရီခွဲအချိန်မှာတော့ ကယ်လီဖိုးနီးယားနှင့် နီဗာဒါ နယ်စပ်တစ်နေရာတွင် လူအချို့ စုဝေးလျက်...

အပြောကျယ်သော မြက်ခင်းသွေ့သွေ့များ ပေါက်ရောက်နေရာ လယ်ကွင်းပြင်ကြီးများ၏ ဘေးမှာ လူတစ်ချို့က ဟိုတစ်ယောက် ဒီတစ်ယောက် ရှိနေပေမဲ့ လူတွေတကယ် စုအုံနေရာကတော့ အစွန်းဘက်လယ်ကွင်း တစ်နေရာမှာ ထိုးဆိုက်ထားသော ပြိုင်ကားတွေရဲ့ ဘေးတွင် ဖြစ်သည်။

Street-Race. ပုံမှန်ဆိုလျှင် ကားလမ်းမတွေပေါ်မှာ ပြိုင်ပွဲလုပ်နေကြ ဆိုပေမဲ့ အခုတော့ ကွင်းပြင်မှာ ပြိုင်ရန် စီစဉ်ထားကြသည့် ပုံပါ။

"Xander from Black Bisons!"

အော်သံနောက်မှာ လူအချို့၏ အားပေးသံတွေ ဆူညံသွားသည်။ အနက်ရောင် ကားတစ်စင်းနား ရပ်နေသော ဗလခပ်တောင့်တောင့်၊ နေလောင်အသားအရေနှင့် လူတစ်ယောက်က အောင်မြင်ဝံ့ကြွားသော အပြုံးကို ပြုံးလိုက်ပုံ ထောက်တော့ သူ့နာမည်က Xander ဖြစ်မည်ဆိုတာ မြေကြီး လက်ခတ်မလွဲ။

အေးလေ... အားလုံးက တက်ကြွကြမှာပေါ့။ Xander ဆိုသူက ပြိုင်ကားမောင်းရာတွင် အလွန်ကျွမ်းကျင်သူကိုး။ Street Racing တွင် Xander ကို ကျော်လွန်ပြီးတော့ အောင်မြင်နိုင်လောက်အောင် တော်သည့်သူက ခပ်နည်းနည်း။ ခပ်နည်းနည်း ဆိုသူတွေထဲတွင် နာမည်ကြီးသော သူကတော့...

"Prince's here."

"It's Saber..."

"Prince and Saber is here!"

လယ်ကွင်းကျယ်ကြီး၏ အစွန်ဆီကို လမ်းမပေါ်မှ အနက်ရောင်နှင့် မဟော်ဂနီရောင် ကားနှစ်စီးက ထိုးဆိုက်လာတဲ့အခါ ထွက်လာတဲ့ စကားသံတွေ။

အနည်းငယ် အုတ်အုတ်ကြွက်ကြွက် ဖြစ်သွားသော လူစုကြားထဲမှ အသာထွက်လျှောက်လာသော ကောင်လေးနှစ်ယောက်။ နှစ်ယောက်လုံးက ခြောက်ပေကျော်ရုံအရပ်တွေ။ ဒါပေမဲ့ တစ်ယောက်က ဖြူဖွေးဆွတ်နေကာ နောက်တစ်ယောက်ကတော့ ကြေးညိုရောင် အသားအရေနှင့်။ အားလုံးက ခပ်အေးအေး ပုံစံဖြစ်နေသော သူတို့ကို လှမ်းကြည့်နေကြသည်။

"ဒီနေရာက ကလေးတွေ ကစားရမဲ့ ကစားကွင်း မဟုတ်ဘူးကွ..."

တစ်ယောက်ရဲ့ လူအုပ်ကြားထဲမှ အော်သံကြောင့် လူအချို့က ရယ်ကြပေမဲ့ တော်တော်များများက မရယ်ကြ။ ငယ်ပေမဲ့ အဆိပ်ပြင်းသော သူတို့ နှစ်ယောက်အကြောင်း အားလုံးက သိပြီးသားမဟုတ်လား...

Untamed HeartsTahanan ng mga kuwento. Tumuklas ngayon