U11. Real Name

379 44 0
                                    

11. Real Name

နားထဲကသွေးတိုးသံအပြင် သူ့နားနီးကပ်နေတဲ့ မျက်နှာကြောင့် Kyung Soo ရဲ့ ဦးနှောက်က ခဏတာ အလုပ်ရပ်သွားသည်။ သတိဝင်လာတော့ အနမ်းက ပိုမိုတောင် နက်ရှိုင်းလာနေသလို။

"အွန်း..."

မပီမသ အသံတစ်ခုပြုရင်း Kyung Soo သူ့ကို တွန်းထုတ်လိုက်မိသည်။ ဒါပေမဲ့ ခေါင်းနောက်က ကိုင်ထိန်းထားတာကို ခံရတာကြောင့် ခေါင်းကို မလွှဲဖယ်နိုင်။ ရင်ဘတ်ကို တံတောင်နဲ့တွက်လိုက်တော့ Kai က Kyung Soo ကို ဆိုဖာနောက်မှီဆီ တွန်းလိုက်တော့ Kyung Soo ဆိုဖာကို လက်နှင့် ဆွဲကုပ်ထားမိသည်။ သူက နှုတ်ခမ်းတွေကိုမှ အလွတ်ပေးမဲ့ပုံမပေါ်။

Kyung Soo အားသုံးကာ သူ့ကို တကယ်တွန်းပစ်လိုက်မိတော့မှ သူက နည်းနည်းဘေးလွင့်သွားသည်။ ဒါကို အခွင့်ကောင်းယူကာ Kyung Soo မတ်တပ်ထရပ်ကာ နှုတ်ခမ်းတွေကို လက်နှင့်ပွတ်ပစ်လိုက်မိသည်။ ဒါတောင်မှ နွေးထွေးနေခဲ့တဲ့ အထိအတွေ့ကို မေ့မရသေး။

Kai ကတော့ ဆိုဖာပေါ်မှာပဲ ထိုင်လျက်သား ရှိနေသည်။

"မင်းဘာလုပ်တာလဲ!"

Kyung Soo ဘယ်နားက သတ္တိတွေနဲ့လည်းမသိ၊ သူ့ကို အော်ကာမေးမိတော့ Kai က မျက်လုံးတွေ မှေးသွားအောင် တစ်ချက် ရယ်လိုက်သည်။

ရယ်လိုက်တယ်...? ရယ်လိုက်တယ်ဟုတ်လား!

Kyung Soo ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လိုက်။ ဒါပေမဲ ခဏလေးအတွင်း ရယ်ပြီးပြန်တည်သွားတဲ့ Kai မျက်နှာက သူ့မျက်လုံးထဲ စွဲနေဆဲ။

"Kai.. မင်း..."

"မင်းက ချစ်စရာကောင်းလို့ပါ။"

Kai က ကိစ္စကြီးတစ်ခုကို ပြောသလို အကြောင်းပြချက် ပေးလိုက်တော့ Kyung Soo စိတ်ညစ်ရမလိုလို၊ ဆွဲပဲထိုးလိုက်ရမလိုလို ဖြစ်သွားမိသည်။ ချစ်စရာကောင်းတိုင်းသာ သူလိုက်နမ်းမယ်ဆိုရင် ဒီကမ္ဘာပေါ်က ကလေးပေါက်စလေးတွေ၊ ခွေးပေါက်စလေးတွေတော့ သေရချည်ရဲ့။

"ချစ်စရာကောင်းတယ်... ဟုတ်လား။ အဲ့ဒီလိုပုံစံ ပေါက်နေလို့လား။ နေပါဦး။ ပေါက်နေရင်တောင် နမ်းစရာလိုလို့လား။ ငါတို့က ယောက်ျားလေးတွေလေ။ မင်းလည်း ယောက်ျားလေး၊ ငါလည်း ယောက်ျားလေးပဲလေ!"

Untamed HeartsWhere stories live. Discover now