04. Street-Fighter
"Scared much?"
ကြားလိုက်ရတဲ့ မေးခွန်းကို Kyung Soo ခွန်းတုံ့ပြန်နိုင်ခြင်း မရှိ။ Kyung Soo အခု ကြောက်နေမိတာပဲလာလည်း ကိုယ့်ကိုယ်ကို မသိ။ မသိပေမဲ့ သေချာတာက လည်ချောင်း အာခေါင်တွေ ခြောက်ကပ်နေကာ လက်ဖျားတွေ အေးစက်နေသည်။ ပြီးတော့ ချွေးစေးအချို့လည်း နဖူးပေါ်ပြန်လာသလိုလို။ သူ့ရှေ့ကသူက ခုနကပဲ လူတစ်ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ အသိက Kyung Soo ရဲ့ ခေါင်းထဲမှာ ကြီးစိုးနေတာကြောင့်။
"ကြောက်နေတာလား..."
သူအင်္ဂလိပ်လို မေးတာကို ပြန်မဖြေလို့လား မသိ၊ ကိုရီးယားလို ထပ်မေးသည်။ Kyung Soo သူ ကိုရီးယား စကားပြောတာကို ပထမဆုံး ကြားဖူးတာပါပဲ။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ အရင်ကလည်း ကြားဖူးတယ်လို့ ထင်နေမိသည်။
"Do Kyung Soo."
တစ်လုံးချင်း သူ့ပါးစပ်ဖျားက ကျလာတဲ့ Kyung Soo ရဲ့ နာမည်ကြောင့် Kyung Soo အံ့ဩသွားမိသည်။
"မင်း ငါ့နာမည်ကို..."
"Shh..."
တိုးတိုးနေဖို့ အသံပြုရင်း သူက့ Kyung Soo ရဲ့ မေးရိုးကို ညာလက်နှင့် သေချာ ဖမ်းဆုပ်လိုက်တာကြောင့် Kyung Soo နောက်ဆုတ်လိုက်ပေမဲ့ နောက်မှာက Sehun ရှိနေသည်လေ။
ရုန်းကန်ကာ တိုက်ခိုက်ချင်လိုက်ပေမဲ့ သူ့မေးရိုးကို ညှပ်ကိုင်ထားတဲ့ လက်ဖဝါးတွေရဲ့အားက တော်တော်ကို သန်မာတာကြောင့် Kyung Soo အသက်ကိုတောင် မှားမရှူမိအောင် သတိထားနေရသည်။ ခက်တာက ဘယ်လိုနေနေ ရင်ထဲမှာ သံစုံတီးဝိုင်းကြီး ဖြစ်နေတာပါပဲ။ ကိုယ့်ကိုယ်ကို မမြင်ရပေမဲ့ သူ့ကိုကြည့်နေတဲ့အကြည့်အရ Kyung Soo ပုံစံက ကျဉ်းထဲကြပ်ထဲ အခြေအနေမှာ ထောင်ချောက်မိသည့် ယုန်ငယ်လေးလိုများ ဖြစ်နေမိသလား တွေးမိပြန်၏။
"Hmm..."
Kai က တစ်ချက်ပြုံးသည်။ ရိုးရိုးအပြုံးမဟုတ်။ ကိုယ့်ကိုယ်ကို ကျေနပ်သလိုလို နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်ရုံလောက် ပြုံးသော Smirk တစ်ခု။ အဲ့အပြုံးက အရိုးထဲစိမ့်အေးသွားစေတာကြောင့် Kyung Soo တံတွေး တစ်ချက်မျိုချမိသည်။