U17. Fools' World

319 34 0
                                    

17. Fools' World

"အခု... မင်းနဲ့ငါ ချစ်သူဖြစ်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ ဘာလုပ်ချင်လဲ..."

ရင်ဘတ်ထဲမှာ ပွေ့ထားရင်းက မေးလာတော့ Kyung Soo ကြောင်တောင်တောင်နှင့် နောက်တစ်လှမ်းဆုတ်မိသည်။ ပြီးတော့ ပခုံးတွန့်ပြမိသည်။

"မင်း... ကစားကွင်းတွေ ကြိုက်တတ်လား..."

"ဟင်... ဘာ..."

"Amusement park တွေလေ...."

Kyung Soo ဘာပြောရမှန်းမသိဘဲ ခဏငြိမ်နေမိသည်။ သူ့လိုလူတစ်ယောက်က ဘာလို့ အပန်းဖြေကစားကွင်းတွေအကြောင်း မေးနေရတာပါလိမ့် ဆိုသော အတွေးက Kyung Soo ကိုခေါင်းရှုပ်စေသည်မှာ အမှန်ပင်။

"... ဘာကြီး..."

"ငါသွားချင်လို့..."

"ဟမ်..."

"နှစ်ယောက်အတူ..."

ပြူးတူးကြောင်တောင် ဖြစ်နေသော Kyung Soo ကို Kai က လက်ကနေဆွဲကာ ခေါ်သွားသည်။ အူကြောင်ကြောင်အတွေးတွေနှင့် ခပ်သွက်သွက် ခြေလှမ်းများက ပြောင်ချောနေသော လှေကားထစ်များပေါ်မှာ ချစ်သူနှစ်ယောက်၏ ပုံရိပ် အမှတ်တရဦးတွေအဖြစ် ကျန်ရစ်ခဲ့လေသည်။

~••-••~

"အား!"

Roller coaster ရဲ့ ရှေ့ဆုံးတွဲမှာ ထိုင်ရင်း အော်နေသည့် Kyung Soo ကို Kai ကြည့်နေမိသည်။ အူကြောင်ကြားပုံနဲ့ လိုက်လာပေမဲ့ ရိုလာကိုစတာစီးဖို့ အကြံပေးသူကလည်း သူသာ။ အခုလည်း roller coaster ပေါ်ရောက်တာဖြင့် သုံးစက္ကန့်တောင် မပြည့်သေး။ သူက အအော်ကျင့်နေပြီ။ ကိစ္စတော့မရှိ၊ Kyung Soo ရဲ့ အသံက သူ့နားထဲမှာဆို နားထောင်လို့ ကောင်းပြီးသားဆိုတေ့ာ...

"ကြောက်လို့လား..."

"မကြောက်ပါဘူး၊ အော်ကြည့်တာ..."

Kyung Soo က ပြောပြီးတော့ ရှေ့က တန်းကို လက်နှစ်ဖက်နှင့် လှမ်းကာ ဆုပ်ကိုင်ထားသည်။ ရိုလာကိုစတာ တစ်လှိမ့်ခြင်း အားယူကာ အပေါ်သို့ တက်နေခိုက်မှာ Kai က Kyung Soo ရဲ့ ညာလက်ကို လှမ်းဆွဲကာ ဘယ်လက်နှင့် ကိုင်ထားလိုက်သည်။

ပထမဆုံး ဆင်းချသွားသည့် အရှိန်က မြန်လွန်းသည်မို့ ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားသယောင်၊ Kyung Soo ကတော့ ရယ်နေသလိုလို ငိုနေသလိုလိုနှင့် မထွက်သည့်အသံသုံးကာ အော်နေသည်။ မျက်နှာကတော့ ပြုံးလျက်....

Untamed HeartsWhere stories live. Discover now