U20. Breaking News

321 35 0
                                    

20. Breaking News

"Kai...."

"ဘာလဲ"

အိပ်ခန်းတံခါးဝမှာ ပိတ်ရပ်ထားတာ သူမဟုတ်သည့်အတိုင်း ဖြေသည့် Kai ကို Kyungsoo မျက်မှောင်ကြုတ်ပြလိုက်သည်။

"ငါ Chanyeol ဆီသွားမလို့"

"ငါလိုက်ပို့မယ်..."

"Chanyeol အခန်းက ခြေဆယ်လှမ်းစာပဲ ဝေးတဲ့ဟာကို!"

"ငါလိုက်ပို့ပါမယ်ဆိုမှ"

ငြင်းမရမှန်းသိလိုက် သည်မို့ Kyung soo ပခုံးတွန့်ပြလိုက်၏။ ဒီတော့မှ တံခါးဖွင့်ပေးတဲ့ သူ့ပုံက ကလေးဆိုးဆိုးနေသလို ဂျစ်ကန်ကန်။ Kyung Soo အဖမ်းခံရပြီးကတည်းက Kai က အနားကမခွာပဲ မျက်စိဒေါက်ထောက်ဆိုရမတတ် ကြည့်နေသည်လေ။ သူမပါရင် ဘယ်ကိုမှမလွှတ်ချင်။ Kyung Soo သာ သူ့ကို ရိုက်ပုတ်ထုထောင်းပြီး မအော်ဟစ်ထားရင် အိမ်သာထဲထိတောင် လိုက်လာဦးမှာ။ အခုလည်း အိမ်တစ်ထပ်တည်းက အစ်ကိုဆီ သွားတာတောင် သူ့အရိပ်အောက်က မလွတ်။

"ဪ... Kyung soo ah."

မျက်နှာချင်းဆိုင်ဖက်ဆီမှ လျှောက်လာသည့် Black က အသာရေရွတ် နှုတ်ဆက်ရင်း Kyung Soo ကို လှစ်ခနဲ မျက်စိမှိတ်ပြ၏။

"Stay away."

Kai ရဲ့ခပ်မာမာအသံကို မကြောက်တတ်သူစာရင်းထဲ Sehun အပြင် Baekhyun ကိုပါ ထည့်ရလိမ့်မည်။ အခုလည်း သူက မဖြုံသည့်အပြင် Kai ကို ရယ်ကြဲကြဲလုပ်ပြနေ၏။

"မင်းရဲ့ Kyung Soo လေးကို မလုပါဘူး။ စိတ်ပူမနေနဲ့ Prince. ဟက်... ငါက ပုပုသေးသေး ကောင်လေးတွေကို စိတ်မဝင်စားဘူး"

အောင်မာ... သူကရော ထောင်ထောင်မောင်းမောင်း ဖြစ်နေတာမို့လို့လား... Kyung soo မဲ့ပြလိုက်တော့ Baekhyun က Kyung Soo ဘေးက ဖြတ်လျှောက်ရင်း ပခုံးကိုအသာပုတ်သွား၏။ ခေါက်တင်ထားသော သူ့အင်္ကျီလက်အစွန်းမှာ X Star ဂိုဏ်းတံဆိပ်က ထင်းနေသည်။

Chanyeol ပြောတာကတော့ Kyung Soo ကို ကယ်ဖို့ Baekhyun နှင့် အလဲအလှယ်တစ်ခု လုပ်ခဲ့ရသည်တဲ့။ Baekhyun ကို X Star ဂိုဏ်းဝင်အဖြစ် ရာထူးပေးရုံမက Chanyeol ထက် တစ်ဆင့်သာနိမ့်သော level မှာထားပေးပါမှ Kyung Soo ရှိရာကို ခေါ်သွားမည်လို့ပင်။ ပြန်ကြားရတဲ့အခါ နည်းနည်း အောင့်သက်သက်နိုင်တာက လွဲလို့ Kyung Soo ဘာမှတော့မခံစားရပါ။ ဒီလောက ဒီလိုပဲဆိုတာ သူသိထားသည်ကိုး။

Untamed HeartsWhere stories live. Discover now