U24. Epilogue

750 47 0
                                    

EPILOGUE

- seven months later -

"အား... သေတော့မှာပဲ... ခေါင်းကိုက်လိုက်တာ"

Kyung Soo အော်ရင်း စာရွက်ပုံထဲ မျက်နှာမှောက်ချလိုက်သည်။ Kai က ကုတင်ပေါ်မှာ စာတစ်အုပ်ဖတ်နေရင်းက လှမ်းကြည့်သည်။

"စာကူကျက်ပေးရဦးမလား..."

"မလိုပါဘူး..."

Kyungsoo ပြောရင်း စာရွက်တွေနှင့် နပန်းဆက်လုံးနေရလေသည်။

"ငါနားမလည်ဘူး... မင်း Seoul ကိုလည်း သွားရသေးတယ်။ Mission နဲ့ ဆိုင်တာတွေလည်း လုပ်ရသေးတယ်။ အဲ့ဒါတောင် Pre-law အတွက် ဝင်ခွင့်ဖြေနိုင်တယ်လား..."

"ကဲ... ကဲ... ကိုယ့်ကိုယ်ကို မေးခွန်းတွေနဲ့ နှိပ်စက်မနေနဲ့တော့။ စာသာကောင်းကောင်းကျက်..."

Kyung Soo သက်ပြင်းချကာ ခဲတံနှင့် စာရွက်စွန်းတွေမှာ ပုံပိစိလေးတွေ လိုက်ခြစ်နေမိသည်။ ပျင်းစရာကောင်းလွန်းပါသည်လေ။

"မင်းစာကျက်မဲ့အစား ပန်းပင်တွေသွားကြည့်လေ... အဲ့ဒါပိုမကောင်းဘူးလား"

"ကောင်းသားပဲ... ဟိုနှင်းဆီပင်တွေကို သွားကြည့်မယ်။ အာ... ဟုတ်သားပဲနော်။ မေ့သွားတာ... တစ်ပင်မှ မရှိတော့ဘူးလေ... မင်းဆွဲနှုတ်ပစ်လိုက်တာလေ!"

Kyungsoo အရွဲ့တိုက်ပြောရင်း လက်ပိုက်လိုက်တော့ Kai က ပခုံးတွန့်သည်။

"ပိုးကိုက်နေတော့ သေတော့မယ် မှတ်လို့ပေါ့။ တော်ကြာ သစ်ပင်လေးတွေ ပိုးကိုက်လို့သေသွားပါတယ်ဆိုပြီး မင်းဝမ်းနည်းပက်လက်နဲ့ စာမကျက်နိုင်မှာစိုးလို့..."

"ဘာဆိုင်လဲ! အဲ့နှင်းဆီပင်ပိုးကိုက်တာလောက်က မီးခြစ်ဆံလေးတွ ဇောက်ထိုးစိုက်ထားလိုက်ရင် ရတာကို... ငါသူတို့ကို မင်းထက် ဂရုစိုက်လို့ မင်းတမင်သက်သက်လုပ်တာ..."

Kyungsoo စွပ်စွဲတော့ သူက ပခုံးတွန့်ပြပြန်သည်။ တွေ့လား... ငြင်းတာလည်းမဟုတ်၊ ဝန်ခံတာလည်း မရှိ။ ထုံပေပေလုပ်နေသည့် မျက်နှာထားက ဆွဲထိုးချင်စရာတောင် ကောင်းသည်။

"မုန်းတယ်... မုန်းတယ်... Kim Jong In ဆိုတာကြီးကို မုန်းတယ်!"

Kyungsoo စာရွက်အကြမ်းတစ်ရွက်ကို လုံးချေကာ ကောက်ပေါက်တော့ သူက မျက်လုံးလှန်ကြည့်သည်။ ပြီးတော့ ဘာမှမဟုတ်သလိုပင် မျက်လွှာပြန်ချကာ စာဆက်ဖတ်နေသည်။ အဲ့လို ဂရုမစိုက်သလို လုပ်တာမျိုးတွေဆို အသည်းယားတာအရမ်း... Kyungsoo သာ ကြောင်တစ်ကောင်သာဆို ကုတ်ဆွဲပစ်မိမယ်ထင်သည်။

Untamed HeartsWhere stories live. Discover now