23
3.1K 259 4
Unicode
"ဘေဘီ... ကို့ကိုလက်ထပ်ပါ.."
"???"
**ငါ အိပ်မက်မက်နေတာလား ... ??
ဘာတွေလာလုပ်နေတာလဲ... ??
မနက်အစောကြီး အိမ်လာပြီး အိပ်နေတဲ့သူကိုနှိုးပြောတဲ့စကားက လက်ထပ်ပါတဲ့လား....
ပဂျားမားနဲ့ ခေါင်းစုတ်ဖွားနဲ့ မျက်နှာတောင်မသစ်ရသေးတဲ့ ပုံကြီးနဲ့လေ....
သူကျတော့ ကုတ်နဲ့ ရှိုးစမိုးအပြည့်နဲ့ ....
ဘာတွေလား....????
ငါမနိုးသေးတာလား???...**
"ဘေဘီ...... ကို့ကိုလက်ခံပေးပါ...
ကိုအရင်လိုတွေလဲ မနေတော့ပါဘူး....
ကိုမင်းစိတ်တိုင်းကျ နေပါ့မယ် ....
အရင်ကရော ခုရော .. ကို.. မင်းတယောက်ထဲကိုပဲ ချစ်တာပါ... နော်ဘေဘီရယ်...
ကိုနဲ့လက်ထပ်ပါ..."
"ခဏ... ခဏလေး... ဝမ်ရီပေါ်ရယ် ..
ခုဘာတွေဖြစ်နေတာလဲ...ဘာတွေပြောနေတာလဲ"
ခေါင်းကိုဖိရင်း အသည်းအသန်စဉ်းစားနေရသော ရှောင်ကျန့်...
"လက်ထပ်ခွင့်တောင်းတာလေ ဘေဘီရဲ့...
ဟင့်အင်း.. ဘေဘီကို့ကို လက်ထပ်ရမယ်...
ကို... ဘာပဲ လုပ်ပေးရ.. လုပ်ပေးရ.."
"ဘာတွေအသဲအသန်လာဖြစ်နေတာလဲ ဝမ်ရီပေါ်ရာ...
မနက်အစောကြီးကို ... ပြောချင်လဲနောက်မှပြော ..
ရုတ်တရပ်ကြီးလန့်နိုးတာငါခေါင်းမူးလာပြီ ပြန်အိပ်ဦးမယ်.."
"မရဘူး... ခုလက်ခံပေး...နော်... ဘေဘီနော်...."
"အာာာမသိဘူးကွာ... ပြောချင်လဲစောင့်နေ ငါပြန်အိပ်ပါရစေ..."
ရီပေါ် အိပ်ချင်မူးတူးရှောင်ကျန့်ကိုယ်လေးကို ဆွဲဖက်လိုက်ရင်း...
"အင်း... အင်း... အိပ်နော်... မအိပ်ခင် လက်ခံတယ်လို့ပြော.."
"....."
"ဘေဘီ...."
**အိပ်ပုတ်လေးက သူ့က်ိုမှီကာ ပြန်အိပ်သွားလေပြီ**
"ဘေဘီ... ပြန်ထဦး... လက်ခံတယ်လို့ပြော... ဘေဘီ..."
"ဘာလဲကွာ... မင်းဘာဖြစ်နေတာလဲ..."
"ကိုဒီမနက် မိန်းကလေးသွားတွေ့ရတော့မယ်
ပါပါးစီစဉ်တာ.. ကိုငြင်းလို့မရတော့ဘူးဘေဘီရဲ့..
ကိုမင်းကလွဲ ဘယ်သူမှ လက်မထပ်နိုင်ဘူး...."
ရှောင်းကျန့်ရဲ့ ငိုက်နေတဲ့မျက်လုံးတွေ ချက်ချင်းကို ပြူးသွားရသည်။ 