27
2.9K 229 2
Unicode
"အဖြူပဲ"
"အမဲကွာ"
"အပြာ"
"ဘေဘီကလဲ အမဲကမှမိုက်တာ"
"အဲ့တာဆိုပန်းရောင်"
"နိုး ....အမဲပဲ"
"ငွေရောင်"
"ဘေဘီ"
"ဝမ်ရီပေါ် မင်းမလွန်ဘူးလား...
ငါက အရောင်စုံပြောပေးနေတယ်လေ ..."
"ကိုက အမဲပဲကြိုက်တာလေ..."
"မင်းတယောက်တည်း ဆောင်မှာမဟုတ်ဘူးလေ
ငါကြိုက်တာလဲရွေးမှာပေါ့"
"ကို့တဘဝလုံးအိပ်မက်မို့ပါကွာ..နော် အမဲ..လိုက်ပါ"
"အာာာ အဖိုးကြီးဆန်တယ် အရောင်နုမှလူနုတာာ ."
"ကလေးကလားကွာ အနက်ကမှခန့်ထယ်တာ.."
"အေး ငါကလေးကလားချင်တယ်ကွာ.. မင်းဝတ်လိုက်.."
"ဘေဘီ..."
"မသိဘူး ... မဝတ်ရရင် ငါမဆောင်ဘူး..."
"ဘေဘီ !"
"မင်းကအခု ငါ့ကိုအော်တာလား.."
"ဘေဘီကရော အင်္ကျီတထည်မဝတ်ရရုံနဲ့ ကိုနဲ့ပြတ်မယ်ပေါ့.."
"အင်္ကျီလေးတထည်ပဲဆို မင်းလျော့လေ.."
"ကို့အိပ်မက်လေ.."
"ဒါလဲငါ့အိပ်ဆေးကွာ ဒါတွေထဲကပဲဝတ်မယ်.."
သူတို့နှစ်ယောက်အသည်းအသန်ငြင်းနေသလောက် ကျိုးချန်နဲ့အားယွမ်လေးကတော့ မုန့်စားမပျက် မဆော့မပျက်ပေ။
ဟုတ်တယ်လေ စစီစဉ်တည်းက ခုထိ မငြင်းတဲ့ရက်ကိုမရှိ နေ့တိုင်းရန်ဖြစ်နေကြတာ။
အကြိုက်ကလဲ တစက်လေးမှမတူသလို အလျော့ကလဲမပေးကြဘူး။
အဲ..လျော့ပြန်ရင်လဲ ဘေဘီ့သဘော ရီပေါ့်သဘောနဲ့ ထပ်ငြင်းကြပြန်ရော။
ဒါမျိုးကို သွားပြီးအာရုံထားရင် ရူးသွားလိမ့်မယ်။
အဲ့ဒိတော့ ကိုယ့်ဘာသာ စားစားနားနားပဲ...
.........................
၂နာရီလောက်ငြင်းပြီးသကာလ ကိုယ်ကြိုက်တာကိုယ်ဝတ်နဲ့ အဆုံးသတ်သွားကြလေရဲ့။
မလိုက်လိုက်အောင်ချုပ်ပေးရမယ် ဒီဇိုင်နာပဲ သနားစရာ.. ကျွတ်..ကျွတ်...