Unicode
မနက်တွေလဲ ရောက်မလာချင်ဘူး...
ညနေတွေလဲ ရောက်မလာချင်ဘူး...
ဘာလို့ဆို... ဝမ်ရီပေါ်နဲ့ တွေ့ရလို့....ဒင်းနဲ့တွေ့တိုင်းကလဲ ကိုယ်ပဲခံနေရတယ်...
ဟုတ်တယ် အရူးလုပ်ခံရလိုက်.. အနမ်းခံရလိုက်နဲ့...
တကယ်ဆိုသူကခံရမှာလေ ..
ဟိုးအရင်ကလဲ ကိုယ်ကကြိုက်လို့ ကိုယ်ပဲအနိုင်ကျင့်ခံရတယ်....
ခုကျတော့လဲ ကိုယ်ပဲခံရပြန်ရော...
ဘာလား... ဘာတွေလား....ငါချည်းပဲခံနေရမှာလား....
"ရှောင်း..ကျန့်..!"
"အမလေး.. ငါပဲခံ..!
ဘာလဲကွာ.. အလန့်တကြားနဲ့..""ငါခေါ်နေတာကြာပြီလေ...
ဘာတွေးနေမှန်းမှမသိတာ..
ယောင်တာတောင် .... 'ငါပဲခံ'..တဲ့... အံ့ဩစရာ..""မဟုတ်ပါဘူးကွာ.... ဝမ်ရီပေါ်အကြောင်းတွေးမိလို့ပါ..."
"ဘာရယ်!!!"
"အာာာ.. သူနဲ့ဆုံတိုင်း ငါပဲဒုက္ခခံနေရလို့ ... မကျေနပ်နေတာ..."
"ဘာဖြစ်လာပြန်ပြီလဲ...."
"အမြဲပဲလေကွာ... ငါနိုင်တယ်ကိုမရှိဘူး..."
"မင်းကနိုင်ချင်လို့လား... အဲ့ဒါဆိုသူလုပ်သလိုပြန်လုပ်ပေါ့....."
"အင်းနော်... တော်တယ်သားရီး...
လာလာဒီနေ့လည်စာ ငါကျွေးမယ်.. ဟီး..ဟီး.."
........................ဝမ်ရီပေါ် တယောက်ဝရုန်းသုန်းပါးနဲ့...ရုံးဆင်းလာခဲ့သည်။ ဘေဘီက ရုံးတူတူဆင်းဖို့ ကားပါကင်မှာစောင့်နေတယ်တဲ့....
မွေးနေ့တည်းကထူးခြားနေတာ ခုတော့အရမ်းကိုသိသာလာပြီ......
နောက်ဆုံးတော့ သူတို့ရဲ့အချစ်ကမ္ဘာကြီး ပြန်ထွန်းလင်းခဲ့ပြီ.. ဟွင်းးဟွင်းးဟွင်းးး....
"ဘေဘီ.. စောင့်နေတာကြာသွားလား..ဆောရီး.."
"ရပါတယ်..ငါကစောလာမိတာပဲ..."
"ဘာကိစ္စရှိလို့လဲ... ရုံးထိတောင်ဆိုတော့..."
"ဒီလိုပါပဲ လမ်းကြုံတာနဲ့..."
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------