Unicode
ဒီညပါတီတခုကို အတူသွားဖြစ်ကြတယ်။
ပြဿနာက အဲ့ဒိမှာစတာပဲ။ကျတော်တို့လက်ထပ်ထားတာကို သိတဲ့သူရှိသလို... မသိတဲ့သူလည်းရှိတယ်လေ....
အဲ... သတင်းတွေကြားပါလျက် မသိခြင်ထောင် ထောင်ချင်သူတွေလည်းရှိတယ်...
ဥပမာအရှေ့က အယ်မကြီးပေါ့.....လူတယောက်လုံးရှေ့ထားပြီး .. ဝမ်ရီပေါ်ကို စျေးဗန်းတွေခင်းတာ.. ခင်းတာဆိုတာ....
ဟိုလူရှုပ်ကလဲ ... ပြုံးဖြီးနေတာပဲ...
ဟွင်း..ဟွင်း.. အရင်လိုသဝန်တိုပွဲကြမ်းရအောင် ကလေးတွေမဟုတ်တော့ဘူးလေ....ဘေးဘီကိုလိုက်ကြည့်လိုက်တော့ ကံဆိုးသူဟိုက်ခွမ်းကောကို သွားတွေ့တယ်....
"ကော... ကျတော်တို့တူတူသောက်ရအောင်..."
ယိုင်ချင်ချင် လျောက်လာတဲ့ရှောင်ကျန့်ကိုကြည့်ပြီး ဟိုက်ခွမ်းနည်းနည်းလန့်မိသည်။
ဒီကလေးက ကျောင်းထဲက မူးလာရင်သွေးဆိုးတတ်တယ်မလား..."အော်... ရှောင်းကျန့်လေး.."
"ဟီး...ဟီး..."
**အသားလွတ်ရီပြနေပုံအရတော့ ရေချိန်ကိုက်နေပုံပဲ...**
ထိန်းခိုင်းဖို့ ဝမ်ရီပေါ်ကိုလိုက်ရှာကြည့်မိတော့မှ အခြေအနေကိုသဘောပေါက်လိုက်သည်။**ဒါကြောင့်မူးနေတာကိုး...**
"ရှောင်ကျန့်လေး ကောတို့ဟိုဘက်နားခဏသွားထိုင်ရအောင်"
"ထိုင်ပါပု သောက်မှာ..."
"အဲ့ဒိမှာသွားသောက်မယ်လေ..."
"ဒီမှာသောက်တော့ ဘာဖြစ်လို့လဲလို့...
ကောကပါ ကျန့်ကျန့်ကိုအလိုမလိုက်ပုပေါ့....""အဲ့လိုမဟုတ်ပါဘူးကွာ...."
"အဲ့ဆိုသွားမယ်လာ....."
"အမ်..."
အတင်းလက်ကိုဆွဲသွားပြီး ခုနသူပဲမထိုင်ဘူးငြင်းတဲ့နေရာမှာသွားထိုင်သည်။
"ကော .. ဟီး...ဟီး..."
သွားအကြီးကြီးတွေနဲ့ရယ်ပြနေတဲ့ဒီကလေးက ချစ်ဖို့တော့ကောင်းသား....
ကျောင်းတုန်းတည်းက အင်မတန်ပျော်တတ်တဲ့ကလေး...
ပရဟိတဆိုလဲ အမြဲပါတတ်တယ်။ လောင်ပျော်လေးပေါ့...
တခုပဲ ရီပေါ်ကတော့ချွင်းချက်....
ရီပေါ်နဲ့အဆင်မပြေဘူးဆိုရင်တော့.. မျက်နှာငယ်လေးနဲ့ရောက်ချလာရော... မကျေနပ်သမျှတွေပြော...ဂျီတွေကျနဲ့...
ပြီးရင်မကြာပါဘူး ပြန်တည့်သွားကြပြန်ရော.....
အဲ့တာကြောင့် ရှောင်ကျန့်မျက်နှာမကောင်းဘူးဟေ့ဆို... အကုန်ပတ်ပြေးကြရောပဲ....
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------