Unicode
"ဟိ.. ..အဟိ..အဟိ..."
"ရှောင်းကျန့်!!!"
"အမလေး.... လန့်တာ.."
"ငါကပိုလန့်တယ်... ဘာကိစ္စတယောက်ထဲ တဟိဟိဖြစ်နေတာလဲ...""ဟီး.... မင်းမသိပါဘူးကွာ.."
"မသိလို့မေးနေတယ်လေ..."
"ဟီး... ဒီမှာ..."
သူ့လက်ကြီးထိုးပြတော့ ဘာလုပ်ရမှာလဲ...
"ဘာလဲ..?""လက်စွပ်လေ.. မင်းကလဲ..."
"ဘာလဲ ထက်ဝက်စျေးနဲ့ရလာလို့လား...
မဲပေါက်တာလား..!!""ကျိုးချန်လေးကလဲ weakတာ...
ဟီး... ဒါရီပေါ်ပေးတာ...""လက်စွပ်တကွင်းလက်ဆောင်ရတာများ... အူမြူးနေတယ်..."
"ကျိုးချန်.. မင်းနော်..."
"မဟုတ်လို့လား... မင်းကမဝယ်နိုင်လို့လား..."
"အား... ကျိုးချန်ရေ...
နည်းနည်းလောက်ဖြန့်တွေးစမ်းပါ...""ဘာလဲ... "
"မင်းသူငယ်ချင်းငါ... လက်ထပ်ခွင့်တောင်းခံရတာ.."
"ဟမ်!!!"
"ဟီး... ဟုတ်တယ်...
မင်းသူငယ်ချင်းကြီးကိုလေ သူ့ခရှက်ကြီးက လက်ထပ်ခွင့်တောင်းတာ...
ဟားဟားဟား... ငါတို့နိုင်ပြီကွ....
တသက်လုံးခရှက်ခဲ့ရသမျှ အချေခံခဲ့ရသမျှ....
သူကလေ.. ငါရှေ့မှာ ဒူးထောက်ပြောတာ.. သိလား..
အား.... မင်းကိုမြင်စေ့ချင်တာ...
ပြီးတော့လေ ငါကျောင်းတုန်းကပြောခဲ့သမျှ လုပ်ပေးတာ""တကယ်ကြီးလား..."
"တကယ်ပါဆို..."
"တောက်... မြင်လိုက်ရမှာကွာ....
ဒုက္ခခံသမျှတော့ ငါပါပြီးတော့...""ဟီး... ကြိုသာသိရင် ငါမင်းကိုခေါ်ပါတယ်ကွာ...
နေဦးငါပုံတွေတော့ ရိုက်ထားတယ်."ချက်ချင်းကို ဖုန်းယူပြီးဖွင့်ပြတာ.. ကျိုးချန်ကလဲ ဒါမျိုးတော့မငြင်းဘူး... ဟုတ်တယ်လေ တသက်လုံးကိုယ်ပါလိုက်ဒုက္ခခံထားရတာ...
"ဘယ်သူရိုက်ပေးတာလဲ.."
"ငါပေါ့..."
"အမ်... သူဒူးထောက်တုန်းလား.."
"အဲ့ဒိပုံတော့မရှိဘူးလေကွာ.."
"ငါက အဲ့ဒိပုံပဲကြည့်ချင်တာ..."
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------