17
3.3K 265 2
Unicode
ဟူး......
ရှောင်းကျန့်သက်ပြင်းတွေပဲ ချနေမိသည်။
ခုလက်ရှိ ငါတို့ကဘာလဲ။
မနက်တိုင်းတွေ့ ...ညနေတိုင်းတွေ့...
တခါတလေညစာပါအတူစား...
အလုပ်ကိစ္စဆိုပြီးနေ့လည်တွေလဲ တွေ့ဖြစ်သေးတယ်....
အဲ့ဒိလောက်တွေ့လို့ ချစ်သူလားဆိုတော့လဲ မဟုတ်ဘူး
မိတ်ဆွေလို့ပြောရအောင်လဲ တည့်မှမတည့်တာ..
သူငယ်ဂျင်းလို့ပြောရအောင်လဲ ငါလေးကအီစီဂလီလုပ်နေတာမှ မဟုတ်တာ...
အဲ့ဒိတော့ ဘာလဲလို့ ...??
ကျိုးချန်ကိုမေးကြည့်ရမလား...?
မေးလို့ကောင်းပါ့မလား....?
မသိဘူး.. မေးပြီ......
"ဟဲလို ကျိုးချန်လေး.."
"ဘာလဲပြော.."
"နေ့လည်စာအတူစားရအောင်လေ... နော်"
"ပြီးရောပြီးရော လာခဲ့မယ်... ငါခုတော့မအားသေးလို့ ဒါပဲ.."
......................
ရှောင်းကျန့်ရှေ့က ၂ယောက်ကိုကြည့်ပြီး အော်သာအော်လိုက်ချင်သည်။
**မင့်နဲ့ငါအကြောင်းမေးမလို့လေကွာ... မင်းပါလာတော့ ငါကဘယ်လိုမေးရမလဲ**
"ဘာကိစ္စ၂ယောက်တောင်လာတာလဲ"
"ငါမခေါ်ဘူး မင်းးအကောင်က .. ဖုန်းပြောတာကြားပြီး...သူ့ဘာသာလိုက်လာတာ"
"မင်းတို့ကဘာလို့အတူရှိနေတာလဲ.."
"အော်..အေး.. မင်းတို့နေ့တိုင်းတွေ့တာကြကောင်းတယ်... ငါအလုပ်ကိစ္စတွေ့တာကြ မရဘူးပေါ့.."
"ဟုတ်ပါဘူး.. ကျိုးချန်ကလဲ... ငါကဒီတိုင်းမေးတာပါ"
"ဘာလဲ ဘေဘီက သဝန်တိုတာလား.. ဘေဘီကလွဲဘယ်သူမှမချစ်ပါဘူး.."