Part33
2.2K 194 0
Unicode
"ရှောင်ကျန့်"
"အွန်း..."
"မင်းကလဲအစားပဲငမ်းနေတာပဲ..."
"ဟုတ်တယ်လေ စပ်စုချင်တာမင်းတို့...
ငါကတော့ ဗိုက်ဆာတယ်...."
"အဖေဖြစ်ပြီးတော့ မင်းမိဘစိတ်ထားစမ်းပါ..."
"အေ့လေ ဘေဘီကလဲ..."
"ဒီမှာ ငါကအဖေအရင်းပါ ...
ငါ့သားအကြောင်း ငါသိပါတယ်..."
"သိလို့ပဲ ဘေဘီ့သားကရည်းစားရနေပြီလေ..."
"ရတော့ရောဘာဖြစ်လဲ ငါလက်ခံတယ်လေ.."
"ကိုယ့်သားငယ်ငယ်လေးကို..."
"ကောင်မလေးကလဲ ငယ်ငယ်ချောချောလေးပဲလေကွာ..
မင်းတို့ကလဲ...."
"ကိုကတော့ မကြိုက်ပါဘူး.."
"ငါရောပဲ..."
"ဟက်... မင်းတို့ကလဲလေ...
ငါတို့သွား ကန့်ကွက်တော့ရော
တော်ကြာ ပါပါးတို့ကကောင်မလေးရှိဖူးလို့လားမေးရင် ဘယ်လိုဖြေမလဲ...."
**ဟုတ်တယ် လူပျိုကြီးနဲ့လင်လင်နှစ်ယောက်ကို **
"နိုး...ဘေဘီ
အချစ်ကအချစ်ပဲ"
"အေးလေ ခုလဲသူချစ်တဲ့သူ သူတွဲတာလေ..."
"ဒါပေမယ့်..."
"မင်းတို့နှမြောတာငါသိပါတယ်ကွာ....
ငါလဲငါသားလေးပဲ ဝမ်းနည်းတာပေါ့...
ဒါပေမယ့်မိဘပဲလေကွာ နားလည်ပေးရမှာပေါ့..
ကောင်မလေးကလဲ ရည်ရည်မွန်မွန်လေးပါ ..."
**နှစ်ယောက်သားငြိမ်သွားလိုက်ကြတာများ အဖေအရင်းငါ့လဲအားနာကြပါဦး...
ရည်းစားစထားတာကို ချက်ချင်းယူပြီးအိမ်ခွဲတော့မယ့်အတိုင်းပဲ... **
"အိုကေလေ သဘောထားကြီးရမှာပေါ့...
ဒါပေမယ့် ဒီကလေးမက မကောင်းရင်တော့ ဘေဘီကိုယ်တိုင်လမ်းခွဲခိုင်းရမယ်နော်...."
"အင်းပါ... လူလဲတွေ့ပြီးပြီမဟုတ်လား ပြန်ကြရအောင်..
ဒီပုံစံကြီးတွေနဲ့ ငါရှက်တယ်..."
"ရှက်ရအောင် မင်းတချိန်လုံးငုံပြီး မုန့်စားနေတာမလား.."
"ဒီမျက်မှန်ကြီးချွတ်မရဘူးလေ မျက်မမြင်ကြီးကျနေရောပဲ..."