Unicode
ဘာလိုလိုနဲ့ အားယွမ်တောင် ဘွဲ့ရသွားခဲ့ပြီပဲ။
အချိန်တွေက ခုတော့လဲကုန်တာမြန်လိုက်တာ။ အားယွမ်လေးကို ရင်ခွင်ထဲထည့်ချီခဲ့တာ ကုန်းပိုးခဲ့တာတွေက မနေ့တနေ့ကလိုပဲ..."အာ... ဘေဘီကလဲ ဘွဲ့ယူတာငိုစရာလား အဖိုးကြီးကျနေတာပဲ..."
"အဟင့် ငိုတော့ဘာဖြစ်လဲ ငါကအဖိုးကြီးပဲ.."
"တခြားမိဘတွေ အားနာပါဦးဘေဘီရယ် ဒီထဲကိုတို့ အနုဆုံးပါ.."
"နုနု မနုနု ငါ့သားလေး ...လူကြီးတောင်ဖြစ်သွားရှာပြီး .. အဟင့်.."
"ကျိုးချန်ရေ မင်းမလဲ ချောသမျှပဲငေးမနေနဲ့ ကိုယ့်သူငယ်ချင်းလဲကိုယ်တားဦး.."
"အဲ့တာ မင်းယောက်ျားလေး မင်းထိန်းပေါ့... ငါအားယွမ်လေးကို ဓါတ်ပုံသွားရိုက်ပေးလိုက်ဦးမယ် ..."
အော် အခုတော့ မင်းယောက်ျားတဲ့ ခါတိုင်းကျတော့ ငါ့သူငယ်ချင်းဆိုတာကြီးပဲ လူတွေများ...
"လာပါဘေဘီရယ် ဝမ်းနည်းစရာတွေမတွေးနဲ့ ကိုတို့ကျောင်းတုန်းက ဘဝကိုပြန်တွေးကြည့် ဘယ်လောက်မိုက်လဲ...."
"ဘာမိုက်လို့လဲ မင်းကငါ့ကိုအရမ်းနှိပ်စက်တဲ့ဟာ..."
"အော် အရမ်းလဲချစ်တယ်လေကွာ...
ဘေဘီ စားချင်သမျှလဲဝယ်ကျွေးတယ် ဘေဘီသွားချင်သမျှလဲလိုက်ပို့တယ် ... လိုချင်တာမှန်သမျှလဲ ဝယ်ပေးတယ်လေ...""တော်ပါ မင်းအမှားလုပ်ပြီးမှ ပြန်ချော့တာပါ...."
"အင်းလေ ကိုဘယ်တုန်းက လိမ်ပြောလို့လဲ ဘေဘီမေးသမျှ အကုန်အမှန်တိုင်းပြောပြတာပဲမဟုတ်လား..."
"အဲ့တာပိုနာကျင်တယ်အရူးရဲ့ တခါတလေ အဆင်ပြေအောင် ပြောပါလား..."
"ကိုမှမလိမ်ချင်တာ...
ကိုဆိုးတာ ကိုသိပါတယ်.... ဒါပေမယ့် ဒီအတိုင်းပဲကို့ကိုလက်ခံစေချင်တယ်... ကိုကလိမ္မာပြပြီး တနေ့ကို့အကြောင်းတွေသိပြီး ထားသွားမှာမျိုး ကိုမလိုချင်ဘူး...
ကိုကမင်းကိုအရမ်းချစ်တာ ဘေဘီရဲ့ ... အကြာကြီးနေပြီးမှ ဘေဘီထားသွားရင် ကိုရူးရမှာ....""အပိုတွေက ငါထားသွားတော့ မင်းရူးလို့လား..."
**ရူးတာထက်ဆိုးခဲ့တာပေါ့ ဘေဘီရယ်....**
"ဒါကတော့ ကိုကအရမ်းချောတာကိုး အဲ့ဒိတော့ ဘယ်ရူးမလဲ..."
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------