Unicode
"ပါပါး မြန်မြန်.. မြန်မြန်..."
"လာပါပြီ.. သားသားရယ်.."
ချယ်ရီတွေပွင့်ပြီမို့ သွားကြည့်ကြမယ်တဲ့။ ထုံးစံအတိုင်း ဝမ်ရီပေါ်နဲ့ပေါ့။ တည့်လဲတည့်နိုင်ကြတယ်။ တယောက်ကပြော တယောက်ကထောက်ခံနဲ့။
ခုလဲဟိုကရောက်တော့မယ်ပြောတာနဲ့ အဖေကို လာလောနေရောပဲ...."ဘေဘီရေ..."
"လာပြီ ... လာပြီ...
ဘာတွေလောနေကြမှန်းမသိဘူး...
အပင်က ဘယ်မှရွေ့မသွားပါဘူးကွာ...""နောက်ကျရင် လူများနေမယ် ဘေဘီရယ့်..."
"ပန်းကြည့်ချိန်ပါဆိုမှ လူများမှစည်ကားတာပေါ့.. "
"ဒီဝက်ပေါက်က ဟိုပြေးဒီပြေးလုပ်ရင် လူကြားထဲဖမ်းရခက်နေမယ်.."
"ကလေးရှိရင်တော့ဒီလိုပဲဘဒို... ပဲများချင်ရင်တော့ တယောက်ထဲသာကြွ..."
"အိုက်ယား... မနက်စောစောထရတာနဲ့ ယုန်လေးကသွားနဲ့လိုက်ခုတ်နေပြီ... လာပါဟိုရောက်ရင် ပျော်သွားမှာ..."
"ငါသိပါတယ် တသက်လုံးသွားဖူးနေကြ..."
"အင်းပါ... ကားပေါ်တက်..."
...................."ဝမ်ရီပေါ်..ဒီလမ်းက ပန်းကြည့်တဲ့ဘက်လဲမဟုတ်ပါဘူး.. "
"မြို့ထဲဘက်ကလူရှုပ်တယ်ဘေဘီရဲ့ ... "
"မြို့ပြင်ထိသွားမလို့လား..."
"အိပ်ပါ.. ကို.ရောက်ရင်နှိုးလိုက်မယ်..."
"ပြီးတာပဲ....."
...................."ဘေဘီ... ဘေဘီ...
ရောက်ပြီလေ...""ဟင်... ရောက်ပြီလား....
သားသားရေ ထတော့..."အိပ်ချင်မူးတူးထလာတာ ဆိုင်ထဲရောက်မှသေချာကြည့်မိတော့... မြို့ပြင်နဲ့လဲမတူသလိုပဲ...
နေပါဦး... ဒါကြီးက.."ဝမ်ရီပေါ်..!
ခုငါတို့ဘယ်ရောက်နေတာလဲ...""တောင်ခြေလေ ဘေဘီရဲ့...
နေ့လည်စာစားပြီးရင်..အပေါ်တက်ရုံပဲ"
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------