39.Final
4.4K 212 7
Unicode
ခုတော့ ငယ်ငယ်ကကြိုက်မိတဲ့အပြစ်တွေနဲ့ မောရဦးမပေါ့လေ
"ဟူး.... ဝမ်ရီပေါ် မင်းမလဲနော် လင်ပါသားကို သိပ်ချစ်နေလား.. ဟင်.... ကိုယ့်အလုပ်မှာပဲ ကိုယ်နေစမ်းဘာာာ.."
"ဩ ကိုကတော့အလုပ်မှာနေ ဘေဘီကဒီလာပြီး ကျန့်ကောနဲ့ညလေး လုပ်ကြမယ်ပေါ့..."
"မင်းပြသနာရှာလို့လေ..."
"ဘာရှာနေလို့လဲ အဲ့ဒိတယောက်က နေရာတကာကိုပါတာ အားယွမ်က သူ့သားကျနေတာပဲ..."
"သူ့တူပဲလေကွာ..."
"မဟုတ်ဘူး မသိရင်ဘေဘီနဲ့သူ မွေးထားသလိုပဲ စကားပြောရင် အနှောက်အသွားကိုမလွတ်ဘူး..."
"သူ့အကျင့်က အရင်တည်းကလေကွာ မင်းလဲသိရက်နဲ့ကို..."
"ခုက ပိုဆိုးလာတာ မနက်ဆိုမုန့်လာပို့ရတာနဲ့
အလုပ်တွေဆိုလဲ သူပါတယ် ..."
"မုန့်လာပို့တယ်...?"
"ဟုတ်တယ် ဘေဘီ့သားက ပြန်မပြောဘဲ ကြိတ်စားနေတာ..."
"ဟုတ်ပါဘူး သားကဒီတိုင်း အားနာလို့ နည်းနည်းစားပေးတဲ့ဟာ..."
"အားယွမ်... သားဘွဲ့ရပြီးနေပြီနော် .. အဲ့ဒိမုန့်ကျွေးတိုင်း စားတဲ့အကျင့်ကို ပြင်စမ်းပါ..."
"ပါပါးကလဲ..."
"ဘေဘီသားက လုပ်ကြံစရာမလိုဘူး မုန့်ထဲအိပ်ဆေးထည့်ပြီး အမှိုက်ပုံသွားပစ်ချတောင် ရတယ်..."
"ဒယ်ဒီနော်..."
"တော်ကြပါတော့ အားယွမ် မင်းဒယ်ဒီပြောတာမမှားဘူး ဒီမှာက လူစုံရှိနေတာ နောက်ဆို အရာရာဆင်ခြင် ....
ကဲပြီးရင် ခုကကိစ္စလေး ရှင်းပါဦး ဝမ်ရီပေါ်.."
"အမ်... ဘာလဲဘေဘီ..."
" ဘာမှ မအမ်နဲ့ ဟိုကလူလွတ်မို့ထားပါဦး
မင်းကအိမ်ထောင်သည် ပြီးတော့ယောက်ျားလေးလေ ... ခုနကလို အရမ်းတွေsexyနေတာ လုပ်သင့်လား ဟမ်...."
"အာ ဘေဘီကလဲ cctvတွေရှိပါတယ်.."
"ရှိလို့ကို ပြောနေတာလေ အနေအထိုင်က ဆင်ခြင်စမ်းပါ "
"ဘေဘီလေးက သဝန်တိုတာလား "
"ဆုတောင်းလေ တနေ့တနေ့ မင်းတို့ပြသနာပဲရှင်းနေရတယ် အားယွမ် သားလဲရင့်ကျက်သင့်ပြီ"
🎉 You've finished reading အချစ်ဦးနှင့်လွဲပြီးနောက် <>အချစ်ဦးနှင့်လွဲပြီးနောက် 🎉