7
4.1K 364 0
Unicode
"ယေး......ပင်လယ်ကြီးကွ
ပါးပါးရေ မြန်မြန်လာယေ"
"သဘောကျလား ပါးပါးအသဲတုန်းလေး..."
"အွန်း...အွန်း..."
ခေါင်းတွေအတင်းညိမ့်ပြပြီးပျော်နေတဲ့သားကြောင့် ကျတော်ပါအပျော်တွေကူးစက်လာမိသည်။ တော်သေးတာပေါ့ မနက်က ကစားကွင်းအရမ်းသွားချင်နေခဲ့တာမလား။
"ဟိုဝက်ပြန်လာခဲ့ sunscreen လာလိမ်း"
"လိမ်းပူး ....လိမ်းပူး... သားဝက်ဟုတ်ဘူး.."
"လာစမ်းပါ အစထဲကမဖြူရတဲ့အထဲ ဝက်မဲဖြစ်သွားမယ်"
"ဝမ်ရီပေါ် ကလေးတယောက်ကို မင်းအါ့လောက်အပြောကြမ်းရလား.."
"အမှန်ပဲလေ ဘေဘီလဲမဲတာပဲဟာ"
"မင်း!   မင်းသွေးစုပ်ဖုတ်ကောင်ဖြစ်နေတိုင်း သူများကိုမလှောင်နဲ့"
"ဖြစ်ရတယ် ...ဒီမှာကြည့် နုရဲနေတာ.."
"ဝမ်ရီပေါ် မင်းကမိန်းမကြီးလား ဒီလောက်အလှကြိုက်နေတာ"
"အဟင်:.....မိန်းမလား မ .မလား ဘေဘီသိပါတယ်"
"ဝမ်ရီပေါ် ငါ့လက်သီးကို သိပ်မြည်းချင်နေတယ်ဟုတ်လား.."
ကျတော်ထိုင်ရာကထသည်နှင့် ဝမ်ရီပေါ်ကအားယွမ်ဆီတန်းပြေးတော့သည်။
"အားး ပါပါးးရေ"
"ဝမ်ရီပေါ် ကလေးကိုအောက်ပြန်ချစမ်း"
"ချရင် ဘေဘီကကို့ကိုလုပ်မှာပေါ့"
"ကလေးလန့်မယ် ချ"
"ဘေဘီအရင် နောက်ဆုတ်"
နှစ်ယောက်သား သောင်ပြင်မှာ ထုတ်ဆီးတိုးနေရသလိုပင်
ရုတ်တရပ် ဝမ်ရီပေါ်က သဲတွေသူ့မျက်နှာကို ပက်ကန်လိုက်သည်။
"ရား...ဝမ်ရီပေါ်..
မင်း..သေဖို့သာပြင်.."
သူစိတ်တိုတိုနှင့် လိုက်ဖမ်းတော့ ဝမ်ရီပေါ်က ကလေးချီပြီး ပြေးလေတော့သည်။
"ခိခိ ... အားး...မိတော့မယ်"
"ဦးဦးရေ   မြန်မြန်ပြေးး..."
"ပါးပါးရေ ...မိအောင်ဖမ်းလေ"
အားယွမ်ကပါ သူ့ဘက်ပါသွားပြီး သူတို့ကပြေး ကျတော်ကလိုက်နဲ့ ကမ်းခြေတခုလုံး အားယွမ်လေးအသံတွေလွှမ်းသွားသည်။လူကလဲ မရှိသလောက်ရှင်းနေချိန်မို့ စိတ်လွတ်လက်လွတ်ကို ဆော့ပစ်လိုက်သည်။