Unicode
မနေ့ကလဲ ဝမ်ရီပေါ်မလာဘူး......
တနေ့ကလဲ ဝမ်ရီပေါ်မလာဘူး......
ဟိုး....တနေ့ကလဲ ဝမ်ရီပေါ်မလာဘူးး.....
ခုလဲ၉နာရီထိုးတော့မယ်ဆိုတော့ မလာတော့ဘူးပေါ့....
ဘာလို့မလာတာလဲ?????
စိတ်ဆိုးစရာလဲ မလုပ်မိပါဘူး........
လုပ်တော့ရော ဘာဖြစ်လဲ !......
"ရှောင်ကျန့်"
"အွန်းးး"
"ဘာလို့ ဘဲလိုနှုတ်ခမ်းကြီးထော်ပြီး စာရွက်တွေလျောက်ခြစ်နေတာလဲ ..."
"......."
"ဘယ်သူ့ကို စိတ်ကောက်နေတာလဲ မင်းအဖေဆူထားလို့လား..."
".........."
"ငါ့ကို စိတ်ကောက်နေတာလား"
"........."
"ခေါင်းချည်းပဲခါမနေနဲ့လေ အလုပ်အကြောင်းပြောပါမယ်ဆိုမှ ကောက်ကွေးနေတယ် "
"အင်း....ပြော..လေ...."
"ဘာဖြစ်နေတာလဲ ငါကန်မိတော့မယ်"
"မင်းသိလား ...ဝမ်ရီပေါ်က ငါ့ဆီမလာဘူး..
မျှော်တာမဟုတ်ဘူးနော်....
သူငါ့ကို အလေးမထားတာကို ပြောတာ...
မင်းပြောကြည့် ငါငြင်းရင်ငါမလွန်တော့ဘူးဟုတ်!
ခုငါက ငြင်းချင်နေပြီ ....
သူကပေါ်မလာသေးဘူး..ဟားဟားး.."ကျိုးချန်စိတ်ပျက်ခြင်းများစွာနဲ့သာ ကြည့်နေမိတော့သည်။
အဲ့ဒိတော့ ခုသေမလိုလိုဖြစ်နေတာ ဟိုထောင့်မကျိုးကောင်ကြောင့်ပေါ့။
အခါတစ်ရာခံရလဲ စိတ်ကမကုန်နိုင်ဘူး။အချစ်တွေများ ပူလောင်လိုက်ကြတာ။ ငါ့လိုအေးအေးချမ်းချမ်းနေပါဆိုတာ ဒီလောက်ပြောနေတာတောင် ဒီအရူးကောင်က အသိတရားမရဘူး။
"မျှော်မနေနဲ့။ ငြင်းစရာလဲ မလိုတော့ဘူး ဟိုကောင်က ခုရွယ်ရွယ်နဲ့ တွဲနေပြီ။ "
"ဘာာာာကြီးးး"
"ဟုတ်တယ်လေ တရားဝင်တော့မတွဲကြသေးပေမယ့် လူတိုင်းသိတယ် "
"ဘယ် ..ဘယ်တုန်းကလဲ .."
"တလလောက်ရှိပြီထင်တယ် အရင်ကတော့ တိုးတိုးတိတ်တိတ်...ခုတော့ သိသာသိစေ မမြင်စေနဲ့ပေါ့ကွာ.."
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------