4
4.7K 422 12
Unicode
ကျန်းချန်နဲ့လုပ်ငန်းက အဆင်ပြေသွားတော့ ခုတလော အလုပ်ကပိုများလာသည်။
ဒီနေ့လဲသားကိုသွားကြိုပါမယ်ဆိုမှ နောက်တောင်ကျနေပြီ ။ ကျောင်းရှေ့ရောက်တော့ ငိုမဲ့မဲ့ထိုင်နေတဲ့သားရယ် ဘေးမှာ လူယုတ်မာပြုံးပြုံးနေတဲ့ ဝမ်ရီပေါ်ရယ် ..
"သား..အားယွမ်"
"ဟင့်...ပါးပါးးးး"
"ဝမ်ရီပေါ် ကလေးကိုဘာလုပ်လိုက်ပြန်ပြီလဲ"
"ဘာလုပ်နေလို့လဲ ထိုင်နေတာတောင်အလွတ်ကြီး"
"ဘာမှမလုပ်ပဲငိုမလား"
" ဖအေအရင်းကတောင် လာမကြိုတာ သူစိမ်းက ဘာလုပ်ချင်ပါ့မလဲ ဒီလိုဝက်ပေါက်ကို"
"ဟင့်...ပါးပါး သားသားဝက်ဟုတ်ပူးး"
"ဝမ်ရီပေါ်   !!!"
"ဘာလဲ..."   ဖြေပုံကိုက သူဘာမှမလုပ်ထားသလိုရုပ်နဲ့
"ငါ့သားကို မထိနဲ့လို့ပြောထားတယ်လေ"
"မထိပုလေ ငါကအကောင်တွေရွံတယ် "
"ဘာလို့ကလေးကိုပါ လိုက်ဒုက္ခပေးနေတာလဲ မင်းလူ့ကျင့်ဝတ်နားမလည်ဘူးလား !"
"အေးလေ ငါလူတွေကိုကောင်းတယ် ဒါကဝက်...
ဒီလောက်ဖောင်းနေတဲ့ပါးကိုလဲကြည့်ဦး မျက်လုံးကြိးတောင်ပြူးထွက်လာပြီ ခြေတွေလက်တွေကလဲ တဖြောင့်တည်းကြီး ဗိုက်ကလဲပူသေး ဟားဟားး"
"ဗြဲ ......ပါပါးးးး!!!"
"ဝမ်ရီပေါ် ငါဆွဲထိုးမိတော့မယ်နော်"
"ထိုးလေ နှုတ်ခမ်းနဲ့ထိုးထိုး နှာနုလေးနဲ့ထိုးထိုး အင့်"
ပါးကိုဖောင်းပြထားတဲ့သူကရော ဝက်ရုပ်နဲ့ကိုများ ငါဘာကြည့်ကြီး ကြိုက်ခဲ့ပါလိမ့်?
စိုက်ကြည့်လိုက်တော့မှ ပြောင်စပ်စပ်မျက်နှာပိုးက ငြိမ်သွားသည်။
"ဘေဘီလေးကလဲစိတ်ကြီးထှာ ဒါလေးစတာကို "
"မင်းသားသမီးကို ပြောရင်ရောကြိုက်မလား ?"
"ကြိုက်မကြိုက်သိဖို့က ဘေဘီနဲ့အရင်လက်ထပ်ပြီး မွေးကြည့်မှ သိမှာပေါ့ အဟွန်း"