Unicode
အားယွမ်က မုန့်ဖိုးဖြတ်ခံထားရတာမို့ သူ့မုန့်စားချင်တိုင်း ကိုယ်ကပဲ လိုက်ဝယ်ကျွေးနေရသည်။ မဟုတ်ရင် လူပေါင်းမှားလို့ သူငတ်ရပါပြီဆိုပြီး မျက်ရည်မထွက်ပဲ အော်ငိုဦးမယ်။ ဒီအသက်အရွယ်ပဲရောက်နေပြီ အစားကငမ်းတုန်းပဲ။
ခုလဲတပတ်စာမုန့်တွေဝယ်ပေးပြီးပြန်လာကြတာ။ မုန့်ဖိုးတော့ပေးလို့မဖြစ် ဘေဘီကသူလက်နဲ့ရေးတာ ခြေနဲ့ဖျက်တယ်ဆိုပြီး ထပ်စိတ်ဆိုးနေဦးမယ်။ ဒီရက်ပိုင်း ဝမ်ရီပေါ့်ဘဝက စားသတိ သွားသတိအနေအထားမဟုတ်လား။"အားယွမ်..."
"အွန်းး..."
"ဟိုရှေ့က မင်းအဖေ ငါ့ဘေဘီမဟုတ်လား.."
"အွန်း... အွန်း..."
"အာ..အရေးထဲ ပါးစပ်ထဲကမုန့်ကိုမြိုချစမ်းပါ...
တွေ့လား ... သူရယ်ပြနေတာ ဘယ်သူကြီးလဲ...""ဒယ်ဒီကလဲ ပါပါးမိတ်ဆွေနေမှာပေါ့..."
"သူ့မိတ်ဆွေက ဒီလောက်ငယ်မလား..
ကြည့်ဦးဝတ်ထားတာကိုက လမ်းသရဲရုပ်...""ဒယ်ဒီကလဲ ဒီလောက်လန်းတာကို..."
"ဘယ်နားကလန်းတာလဲ မင်းတို့သားအဖ အမြင်ကလဲ.."
"ဒီခေတ်ဒီလိုပဲဝတ်ကျတာပဲလေ ဒယ်ဒီရဲ့
လာပါ သွားကြည့်ရအောင်....".........
"ပါပါးးး..."
"အော.... အားယွမ်လေး ပြန်လာပြီလား..."
"ဟုတ်ပါပါး ဘယ်သူလဲဟင်..."
"ပါပါးအသိရဲ့သားလေးလေ...
သူတို့ဒီဘက်ကိုပြောင်းလာလို့တဲ့ အိမ်တက်လာဖိတ်တာ...""ဖိတ်ပြီးပြီမလား ပြန်တော့လေ "
"စကားပြောနေတုန်းလေ ဦးလေးကြီးမမြင်ဘူးလား..."
"ဘာာာ ငါ့များဦးလေးကြီးတဲ့..."
"အန်ကယ်ရှောင်း ယောက်ျးမဟုတ်လား အဲ့တာဆိုဦးလေးပေါ့..."
"ဝမ်ရီပေါ်ရေ ကလေးကိုမစနဲ့
ကျင်းလင်လေးကျေးဇူးနော် လာဖိတ်ပေးတာ
အန်ကယ်တို့ ဆက်ဆက်လာခဲ့ပါ့မယ်...""ဟုတ် သွားလိုက်ပါဦးမယ် .."
.......
ပါးစပ်အဟောင်းသားကျန်ခဲ့သူက အားယွမ်...
YOU ARE READING
Fanfictionကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------ ကလေးအဖေ မုဆိုးဖိုတယောက်နှင့် သူ့အချစ်ဦးတို့ရဲ့ ဇာတ်လမ်းတပုဒ် ------------------