8
4.1K 360 1
Unicode
ကမ်းခြေကပြန်လာပြီးထဲက သားလေးနှင့်ဝမ်ရီပေါ် အတော်ဓါတ်တည့်နေသည်။
LEGO ရုပ်တွေအကြောင်းပြပြီး ဟိုတယောက်ကလဲခဏခဏလာသလို သားကလဲသူ့အဖွားတွေဆီတောင်မသွား အရုပ်တွေနဲ့ပဲ အချိန်ကုန်နေသည်။
ခုလဲ ခြံထဲကကျောက်ခုံကြီးပေါ်မှာ ၂ယောက်သား ခေါင်းချင်းဆိုင်ကာ ဆက်နေကြပြန်ပြီ။
ကျတော်လဲအားချိန်မို့ ခပ်လှမ်းလှမ်းက စောင့်ပေးနေမိသည်။ အနားတော့မသွားရဲဘူး ဟိုခေါ်တောက ကလေးရှေ့လဲ ရှောင်တာမဟုတ်။
"ပုံကိုကြည့်လေ ဒီလိုမှမဟုတ်တာ"
"အီးးးး သားမသိတော့ပု ဒါကြီးကခက်တယ်"
"အဲ့ဒါကြောင့်ပြောတာ ငါမလာလို့မရပါဘူးဆို"
"ခုလဲ လာနေတာပဲဟာကို"
"ငါကအရမ်းလာချင်နေတာမဟုတ်ဘူး မင်းကိုသနားလို့လာနေရတာ
ဟွန့်.... ဒါတောင် အိမ်ထဲမဝင်ရဘူး လူမှုရေးတွေမသိတတ်လိုက်ကြတာ"
"တိုးတိုးပြောပါဦးဦးရယ် ပါပါးကြားလို့ ခြံထဲတောင်မဆော့ရဖြစ်သွားပါ့မယ်"
"နေပါဦး ငါကမင်းတို့အိမ်ပေါ်တတ်ပြီး ခိုးဆိုးလုယက်မဲ့လူမို့လို့လား "
"အိမ်ပေါ်မှာဆို တညလုံးဆော့မှာဆိုးလို့တဲ့ ခုကခြင်ကိုက်ရင်ရပ်တဲ့ ပါပါးက"
"မင်းလိုအပေအတေမဟုတ်ဘူးကွ ငါကဝမ်အိမ်တော်ရဲ့ သခင်လေး ခြင်ကိုက်ခံစရာလား"
"သား ..သားလဲ သခင်လေးပဲဟာ"
"မင်းမှာငါ့လို ကားရှိလား"
"ဟင့် ...ရှိတော့ ရှိပုလေ"
"ကုမ္ပဏီရောရှိလား"
"သား ပါပါးမှာရှိရယ်"
"သူတောင် မိန်းမရမှပိုင်ရတာ
ဟမ့် ... မင်းလဲမိန်းမရမှ ငါ့လိုကားစီးနိုင်မှာထင်တယ်"
** တောက်! ဒီဝမ်ရီပေါ်ဟာလေ နည်းနည်းလေးမှအကောင်းမြင်လို့မရဘူး ဗွေကဖောက်ပြီ
**
"ဟင့် .... အဲ့ဆို သားတို့ကဆင်းရဲတာလား"
"ဒါပေါ့ အသားတောင်မဖြူဘူးကြည့်ပါလား"
"ဟင့် အီးဟီးးးး"
"ဒေါက်!"
"အား ဘယ်ကောင်လဲ....
အော်..ဘေဘီ ဟီး...."