ငါ့ ......

1.5K 21 0
                                        

✨အခြားသူတွေရဲ့ အဆုတ်ထဲ ရောက်သွားတဲ့ Covid က ငါ့ကျမှ ဦးနှောက်ထဲ ရောက်သွားပုံရ
✨ဒီကာလတွေ မှာ ငါ့ဦးနှောက် က သေနေတယ်
✨သူငယ်ချင်း ကောင်လေး တစ်ယောက် ပြောဖူးတဲ့ စကားကို မှတ်မိသေးတယ်
ရင့်ကျက်ခြင်း ဆိုတာ limit tends to infinity တဲ့
တော်တော်သဘောကျမိ
✨သူငယ်ချင်း ကောင်မလေး တစ်ယောက်က ကျတော့
ဒီလောကကြီးမှာ ဘယ်သူကမှ ဘယ်သူ့အပေါ် အကြွေးတင်မနေဘူး တဲ့
အဲ့စကားက ငါ့အတွက် တော်တော် သက်တောင့်သက်သာဖြစ်‌စေ
တယ်
✨မကြာသေးခင်က မှ ခင်ရတဲ့ မိတ်ဆွေ တစ်ယောက်က ကျ
သူက သူ့ဘေးမှာ ရှိတဲ့ သူ အားလုံး ကို ပျော်ရွှင်စေချင်တာ တဲ့
ငါကတော့ ငါ့ကိုယ်ငါ ပဲ ပျော်ရွှင်စေချင်တာပါ
ကိုယ်တိုင် မပျော်ရွှင်‌တဲ့ သူတစ်ယောက် က အခြားသူ တွေ ကို ပျော်ရွှင်စေနိုင်သလား
✨နည်းပညာ ကျောင်းတက်ပြီး Engineer ဖြစ်လာတယ်ဆိုပေမဲ့ ဒီ Professional ကို စိတ်ပျက်မိတဲ့ အချိန်တချို့လဲ ငါ့မှာ ရှိ
ဒါပေမဲ့ အဲ့ဒါက တစ်ခါတစ်ရံ အမေနဲ့ သဘောထားမတိုက်ဆိုင်လို့ စကားများရတာမျိုး လိုပဲ
နောက်ဆုံးမှာ ဒီအလုပ် ကိုပဲ ငါရွေးချယ်မိ
✨ကြိုးစားရင် အောင်မြင်မယ် လို့တော့ မတွေးစေချင်ဘူး
အောင်မြင်ချင် မှ အောင်မြင်မှာပေါ့
ဒီလိုပြောတဲ့အခါ ငါက ကြိုးစားနေတယ် လို့ မထင်စေချင်ဘူး
ငါ့ ဝါသနာ က ပျင်းတာ
တခါတလေ ပျင်းနေရတာကို တောင် တကယ်ပျင်းလာ
✨ဘဝ က တခါတရံ ငါရေးနေဆဲ ဇာတ်လမ်း လိုပဲ
Plot ဆက်စဉ်းစားလို့ မရတော့တာမျိုး
ဘယ်သူကမှ မခိုင်းလည်း စိတ်ပါရင် ထရေးတတ်တာမျိုးလိုပေါ့
တခါတရံ ကိုယ့်ဇာတ်ကိုယ်မနိုင်ဘူး
တခါတရံ တာဝန်ကျေအောင် လုပ်တယ်
✨တကယ်တော့
လူတွေမှာ မအောင်မြင်ခွင့် အပြည့်အဝ ရှိတာပဲ
လုပ်ချင်တာတွေ လုပ်ပြီး ရှုံးနိမ့်ကြတာ‌ပေါ့
မအောင်မြင်တာ လည်း ဘဝ ပဲ
အောင်မြင်လာရင် လည်း ဘဝ ပဲ
ကိုယ့်ဖြစ်တည်မှု က ဘယ်သူ့အတွက် မှ အဆိပ်မဖြစ်သရွေ့တော့ အဆင်ပြေပါတယ်
အဆိပ်ဖြစ်နေလည်း အဆင်ပြေပါတယ်
တစ်ခါတရံ အဆိပ် က ဆေး ဖြစ်တတ်တာပဲ
✨တခါတရံ အချင်းချင်း ဆုံဖြစ်တဲ့အခါ
သဘောထား ကွဲလွဲမှုတွေအကြောင်း မပြောဖြစ်ကြဘူး
တိုက်ဆိုင်မှုတွေ အကြောင်းလည်း မပြောဖြစ်ကြဘူး
ဘဝ ထဲမှာ ရှင်သန်နေရတာမို့
ဘဝထဲက ရောက်တတ်ရာရာ တွေပဲ ပြောဖြစ်ကြ
ကောင်းတာလား ဆိုးတာလား မသိပေမဲ့
သူငယ်ချင်း ကတော့ သူငယ်ချင်းပါပဲ
မိတ်ဆွေ ဆိုလည်း မိတ်ဆွေပေါ့
✨စိတ်နေသဘောထား က ပြောင်းလဲ ဖို့ လိုအပ်နေတယ်
ဒါပေမဲ့ အဲ့ဒါက ခက်ခဲတယ်
အတ္တ ကို ဆုပ်ကိုင်ထားရတာ သဘောကျတယ်
ကိုယ်နဲ့ အဆင်မပြေတဲ့သူ ကို မခေါ်တော့တာမျိုး
ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့သူကို တွေ့ရင် မမြင်သလို လုပ်ရတာမျိုး
အဲ့ဒါက စိတ်ကျေနပ်စရာပဲ
✨အလုပ်မှာ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အသိတစ်ယောက် ကိုပြောတော့
အဲ့ဒါ အစ်မ က သူတို့ကို မနာလိုဖြစ်နေတဲ့ ပုံစံ ဖြစ်နေတယ် လို့ပြောတယ်
အဲ့ဒါက ငါ့ အလုပ်ကို ထိခိုက်စေတယ် ဆိုတော့
တချို့အရာတွေ က တုပြောနေဖို့ မတန်ဘူး တဲ့
နေသာ သလို နေလိုက်သင့်တာလား
တကယ်က ငါက မသိတဲ့သူ
သူတို့က မတတ်တဲ့သူ
✨ဒီကာလ မှာ ငါ့ရဲ့ အတ္တလှလှ လေးတွေ က ပို အရောင်ရင့်လာတာ
ဒီကာလမှာ ပို‌အောင်မြင်လာတဲ့ သူတချို့ ကိုတော့ Bravo ပါပဲ
အားတော့မကျပါဘူး ပျင်းလို့
ဒီကာလ မှာ သေခြင်းတရား တွေ အကြောင်း နဲ့ မမြဲခြင်း တွေ ဘာမှ မဟုတ်တော့ခြင်းတွေ ပိုမြင်သာလာပေမဲ့
ငါ့ အတ္တ ကတော့ အရင်အတိုင်းပါပဲ
✨နောင် 5 နှစ်ကြာရင် ဒီကာလ က မအောင်မြင်မှု တွေ အကြောင်း ပြောပြီး ရယ်နိုင်လောက်လား
ဒီ ကပ်ကြီးအကြောင်း ကိုရောပေါ့
ဒါပေမဲ့ ချစ်တဲ့သူ တွေကို ဆုံးရှုံးရတဲ့ အကြောင်း တော့ ဘယ်ပါပါ့မလဲ
ရင်နာရတယ်မလား
✨လွန်ခဲ့တဲ့ 7 နှစ်ခွဲက အချစ်ဆုံးလို ထင်ခဲ့တဲ့ သူ နဲ့ ဝေးရတာ အခုချိန် ဟာသ ဖြစ်ပေမဲ့
လွန်ခဲ့တဲ့ 6 နှစ်ခွဲက အဖေ ဆုံးခဲ့တာက ဘယ်တော့မှ ဟာသဖြစ်မလာနိုင်သလိုပေါ့
✨တကယ်တော့ ငါက Wattpad မှာ BL ဖတ်ပြီး 100 % အောင်မြင်တဲ့ သူ တစ်ယောက်ပါ

🖤Fragile Truth🖤Where stories live. Discover now