Fragility

70 5 0
                                        

[Unicode]

ကား Exhaust က ထွက်လာတဲ့  ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ လိုပဲ
နေရင်း ထိုင်ရင်း မြင့်တက်လာတဲ့  ငါ့ စိတ်ဖိစီးမှုတွေ

ဒီစိတ်ဖိစီးမှုတွေ ကို အငွေ့တွေ အဖြစ်
ရှိုက်ထုတ်ပစ်လို့ ရနိုင်မလား

ငါ့အဖေ အဆုတ်တခြမ်းမရှိတော့တဲ့အထိ
သောက်ခဲ့တဲ့ စီးကရက် ကို
တခါလောက် မြည်းစမ်းကြည့်ချင်သေးတယ်

မဟုတ်ရင်လည်း

ငါ့ အဆုတ်တခြမ်း မရှိတော့တဲ့အထိပေါ့

အဖေ ခေါင်းချတဲ့ နေရာ ပြန်ရောက်လာပေမယ့်
အဖေ့ အုတ်ဂူ လည်း သွားမကြည့်ဖြစ်ပါဘူး

အဖေလည်း တနေရာရာ မှာ ဘဝ အသစ်ပြန်စနေလောက်မှာပေါ့

ဒီနေရာ ကို ပြန်လာတာ
ငါ့ စိတ်ဒဏ်ရာတွေ ပိုပို နက်လာတာက လွဲရင် ဘာဆို ဘာမှ လွမ်းစရာ မရှိဘူး

ဒါကြောင့် ငါ ဒီမြို့ ကို မုန်းတယ်

ဒါကြောင့် ငါ သေကွဲ တွေ မကွဲချင်ဘူး

ကံတရား က ဒီနှစ်တွေ အတွင်း ငါ့ကို ကြည့်ရပုံ မပေါ်ဘူး

ငါ ဘာလုပ်လုပ် လွဲချော်နေတာချည်း

အဲ့ဒီလိုဆို ငါ က ပို အရွဲ့တိုက်ချင်လာရော

အဖေ က သူတော်ကောင်းမလေး ထင်ခဲ့ပေမယ့်

အဖေ မရှိတဲ့နောက် ငါ က လူဆိုးမ ဖြစ်လာတယ်

ဒါပေမဲ့ တာဝန်ကျေခဲ့တဲ့ လူဆိုးမ ပါ

အခုတော့ တာဝန်မကျေတဲ့ လူဆိုးမ ပေါ့

ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်

ဆိုးတာ လုပ်ရင် ဆိုးတာ ဖြစ်မယ်

လူ့စိတ် ဖြောင့်မှန်ရင် ဘယ် အရာမဆို အောင်မြင်နိုင်တယ် တဲ့

အားလုံး ကို F*ck ပါပဲ

လောကကြီး ကိုလည်း F*ck ပါပဲ

နောက်ကျောထိုးတဲ့ ဓါးလောက်တော့ ငါ မမှုဘူး

ရှေ့တည့်တည့် က လာထိုးရင်တောင် ငါ ‌ောက်ဂရုမစိုက်တော့တာ

ငါ့ပြဿနာက ‌ောက်ပို တွေ မလုပ်တတ်လွန်းတာ

သူတို့ပြဿနာက ‌ောက်ပို လုပ်ရတာ ကြိုက်တာ

🖤Fragile Truth🖤Место, где живут истории. Откройте их для себя