စာမျက်နှာ 31
တိတ်ဆိတ်တဲ့ညမှာ
တချက်ချက်မြည်နေတဲ့နာရီလက်တံဟာ
အသံကျယ်လွန်းတယ်။
ဝန်လေးစရာဆက်ဆံရေးတွေမှာ
ဟန်ဆောင်ပြုံးပြလိုက်ရတာဟာ
စိတ်မသက်သာစရာ။
စိတ်ခံစားချက်တွေ ထုံထိုင်းလာတဲ့အခါ
ကဗျာတွေ ရေးရတာတောင် ခက်လာတယ်။
နှစ်တွေ တစ်နှစ်ပြီး တစ်နှစ်
စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်
အသက်တွေ ကြီးလာတာပဲရှိတယ်
စာရွက်ထောင့်စွန်းတွေ ကြေလာတာပဲရှိတယ်။
မိုးရာသီမှာ ရွာတဲ့မိုးက
ပိုသည်းလာတယ်။
စာမျက်နှာတွေကို ပြန်လှန်ကြည့်တော့
အရောင်တွေ မှိန်ကုန်တယ်။
တည်တည်ငြိမ်ငြိမ်မျက်နှာထားထက်က
ခပ်ယဲ့ယဲ့အပြုံးလေးတောင် မတွေ့ရတာကြာ။
ချော်မိတဲ့လောကွတ်တွေလည်း
မသေမချာ မရေမရာပါ။
ကုန်လွန်လာတဲ့ သက္ကရာဇ်တွေဆီမှာ
နုပျိုလတ်ဆတ်မှုတွေ တင်ကျန်ခဲ့။
ပြီးတော့ ...
ချစ်တတ်တဲ့ခံစားချက်တွေပါ အစပျောက်ခဲ့။
အတိတ်က ငါ့ကိုယ်ငါ
ပြန်မြင်နေရသလိုမျိုး လူတွေနဲ့
မတော်တဆ ဆုံမိရင်
သဘောတကျ တိတ်တိတ်ဆိတ်ဆိတ်ပြုံးမိ။
အဓိပ္ပါယ်တွေအများကြီးပါတဲ့ စကားပဲပြောပြော
ရှင်းလင်းတဲ့အဓိပ္ပါယ်တစ်ခုသာရှိတဲ့ စကားပဲပြောပြော
ငါ ဘာပဲပြောပြော
မင်းတို့ကလည်း
မင်းတို့ ကောက်ချင်တဲ့အဓိပ္ပါယ်ကောက်ကြတယ်။
နားလည်ရခက်တာတွေလည်း
နားလည်ချင်သလိုသာ နားလည်လိုက်ကြ။
ချစ်ချင်တယ်ဆိုရင်လည်း
ချစ်တတ်သလိုသာ ချစ်လိုက်ကြ။
ပေးချင်တဲ့သူကပေးလည်း
ယူချင်တဲ့သူက ယူချင်မှ ယူမှာ။
ယူချင်သလို ယူမှာ။
တစ်စုံတစ်ယောက်ရဲ့ စိတ်ကင်ဆာလည်း ဖြစ်ခဲ့ဖူးပြီ။
တစ်စုံတစ်ယောက်ရဲ့ အကြည်ဓာတ်လည်း ဖြစ်ခဲ့ဖူးပြီ။
တစ်စုံတစ်ယောက်ရဲ့ အချစ်ရဆုံးလည်း ဖြစ်ခဲ့ဖူးပြီ။
တစ်စုံတစ်ယောက်ရဲ့ ဂြိုလ်ကောင်မလေးဖြစ်ဖို့အတွက်တော့
ငါ နည်းနည်း သင်ယူချင်သေးတယ်။
ВЫ ЧИТАЕТЕ
🖤Fragile Truth🖤
Документальная прозаDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.
