❄️ဒီကာလ မှာ ကွဲအက်သွားတဲ့
ငါ့ အိပ်မက်တွေဟာ
အခုတော့ တ စ စီ ပြန့် ကျဲ လို့.............
❄️အဲ့လို ကြီးကြီးကျယ်ကျယ်
ပြောနေပေမဲ့
ငါ့ မှာ
အိပ်မက် ကြီးကြီးမားမား မရှိပါဘူး
❄️ငါ့ အိပ်မက် က
သူများတွေလို
အောင်မြင်တဲ့သူ ဖြစ်ဖို့
Professional ကောင်း တစ်ယောက် ဖြစ်ဖို့
တို့ လည်း မဟုတ်
❄️ငါ့အိပ်မက်လေး က
မကျေနိုင်တဲ့ ကြွေးဟောင်း ကို
အတတ်နိုင်ဆုံး ကျေအောင် ဆပ်ချင်ရုံသာ
❄️နောက်အိပ်မက်တစ်ခု က
ငါ ချစ်ရတဲ့ ကောင်လေး ကို
သူ့ကို ချစ်တဲ့သူ နဲ့
ပျော်ရွှင်နေတာကို
ငါ ကိုယ်တိုင် မြင်ချင်တာ
❄️နောက်ဆုံး အိပ်မက်ကတော့
လိုအပ်နေတဲ့ဘယ်သူ့ကို မဆို
ငါ က
ပေးလှူနိုင်တဲ့သူ ဖြစ်ချင်တာ
အရိပ်ကောင်းတဲ့ သစ်ပင်ကြီးလိုပေါ့
❄️အိပ်မက်တွေ မအက်ကွဲခင်က
အိပ်မက်တွေ အရမ်းဖြစ်မလာလည်း
ငါ့ အရှိန် နဲ့ ငါ အဆင်ပြေနေတာပါပဲ
ငါ့အိပ်မက်ကလေးတွေ အက်ကွဲမနေခဲ့လို့
❄️အခုတော့ ငါ့မှာ
ဘီး မရှိတဲ့ စက်ဘီးကို
ဒေါက်ထောက်ပြီး နင်းနေသလိုမျိုး
ဟိုမရောက် ဒီမရောက်
ဘယ်ကို မှ မရောက်
❄️အခုတော့ ငါ့မှာ
တ စ စီ ပြန့်ကျဲ သွားတဲ့
အိပ်မက် အပိုင်းအစ တွေကို
ပြန်ကောက် ဖို့ ကြိုးစားနေတာ
❄️ဖန်ပုလင်း အကွဲ ကို
ကော် နဲ့ ပြန်ကပ်နေသလို မျိုးပဲ
ဘာမှ အရာမထင် အဖတ်မတင်
❄️အခုတော့ Life Goes On သီချင်း နားထောင်လည်း
ဘာတွေပဲဖြစ်ဖြစ်
ဘဝ က ရှေ့ဆက်သွားနေတာပဲ လို့
ငါ ဖြေမတွေးနိုင်တော့
❄️အခုတော့ အိပ်မက် အကွဲတွေ နဲ့ ငါ က တခုခု ကို နာကျည်းရတိုင်း
မA_ိုး မင်းအောင်လှိုင်
မင်းအောင်လှိုင် မA-ိုး လို့
ဆဲတတ်နေပြီ
ВЫ ЧИТАЕТЕ
🖤Fragile Truth🖤
Документальная прозаDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.
