ကဗျာတု

121 4 0
                                    

💎ငါ ကဗျာ တစ်ပုဒ် လောက်
ထိထိမိမိ ရေးချင်တယ်
ဒါပေမဲ့ ခေါင်းထဲမှာ ဗလာနတ္ထိပဲ
💎အခုတလော ငါ အက်ကွဲနေတယ်
အကြောင်းကြောင်း တွေ ကြောင့်ပေါ့
💎ငါ ဖန်ခွက် တစ်လုံး ဖြစ်ချင်တယ်
ဒါဆို ဘယ်ဘက်ကကြည့်ကြည့် ထွင်းဖောက်မြင်နေရမှာ
💎ငါ့ရဲ့ ကောက်ရိုးမီးလို $အိပ်မက် တွေ အကြောင်းတော့ မပြောချင်တော့ဘူး
တကယ်က ငါ့အိပ်မက် က ဘာဆိုတာ မေ့နေတာ
💎တခါတလေ ငါလည်း သိပ်တော်ချင်ယောင် ဆောင်ချင်မိတယ်
ခက်တာက မတော်ရတာ က သက်တောင့်သက်တာရှိတာ
💎သူငယ်ချင်း က ဘာလဲ
မိတ်ဆွေ က ဘာလဲ
ခဏခ‌ဏ စဉ်းစားမိတယ်
ငါကတော့ ဘယ်သူ့အတွက်မှ
Surprised Gift မပေးခဲ့ဖူးဘူး
💎 Engineer ဆိုတဲ့ အလုပ်ကို ဆက်မလုပ်ဘဲ
ဈေးထဲမှာ ဗန်းလေးခင်းပြီးတော့ ရောင်းရင် ကောင်းမလား
Engineer မဟုတ်တဲ့ $လုပ်ရေးဆရာကြီးများ က ရယ်နေဦးမယ်
💎အတွေးတွေက ဟိုမ‌ရောက် ဒီ‌မရောက်ပဲ
အကုန်လုံး အတူတူ ဂေါက်ကြရအောင်
💎ကယောင်ချောက်ခြား ဒီကာလ မှာ တည်ငြိမ်ဖို့တော့ ထူးပြီး မမျှော်လင့်မိ
အကုန်လုံးက ‌သောကတွေနဲ့
💎မေတ္တာသုတ် နေ့တိုင်း ရွတ်ချင်ရွတ်မယ်
$မြင်ကတ်တဲ့သူကို တွေ့တိုင်း $မြင်ကတ်မိတုန်း
💎အခက်ဆုံး အလုပ်က ဘာလဲ
ယဉ်ကျေးချင်ယောင်ဆောင်ရတာပဲ
စိတ်တိုလာရင် $ဍီကာ ဖွင့်ချင်တာ
💎ဒီကာလ လို့ အစချီပြီး နောက်တခါ စာတွေထပ်မရေးချင်တော့
ဟိုကာလ က ဘယ်တော့ရောက်လိမ့်မလဲ

🖤Fragile Truth🖤Where stories live. Discover now