[Unicode]
❣️မတွေ့ရတာတောင်ကြာပြီ
အားလုံးပဲ ခုတလောမှာ
ဒုက္ခလှလှလေးတွေ ကြုံကြပါရဲ့လား။❣️ပြတ်ရမယ့် ဆက်ဆံရေးတွေလည်း
အပြီးတိုင် ပြတ်သွားပြီ။
ခင်ချင်သလိုလို မခင်ချင်သလိုလို
ဖြစ်နေတာတွေလည်း ဇယားဖြတ်လိုက်ပြီ။❣️ပေါ့ပေါ့ပါးပါး ဆက်ဆံရေးတွေရယ်
ဘယ်လိုနေနေ မပြတ်တဲ့ ဆက်ဆံရေးတွေရယ်တော့
ကျန်ခဲ့သေးရဲ့။❣️တက်တူးလေးတို့အကြောင်း လာ လာ ပြောပြတတ်တဲ့
လူနည်းစုထဲက ကောင်မလေးတစ်ယောက်။
နေပြန်ကောင်းလာမှာပဲလို့ ငါထင်ခဲ့တဲ့
18 နှစ်တာင်မပြည့်သေးတဲ့ အဲ့ဒီ့ကလေးမလေးလည်း
ပြန်မလာနိုင်တဲ့လမ်းကို သွားနှင့်ပြီ။❣️သေခြင်း ရှင်ခြင်းတွေဟာ
အခုချိန်ထိ ငါ့ကို မျက်စိလည်စေတုန်း။❣️မနှစ်က ခင်ခဲ့တဲ့ဆက်ဆံရေးတွေ အတိတ်မှာ ကျန်ခဲ့ပေမယ့်
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခင်မင်ခြင်းတွေတော့
ဒီနှစ်အထိ ပါလာသေးတယ်။
တော်သေးတာပေါ့ ဆိုပြီး ငါ့မှာ ပြုံးမိ။❣️ရေစက်တွေဟာလည်း နေပူလွန်းရင်
အငွေ့ပျံတတ်တယ်။
ရေတွင်းကြီးတွေကျတော့ အပူဒဏ်ကို မမှု။
အဲ့လိုတွေးတတ်ရင် အရာရာဟာ အဆင်ပြေတာပါပဲ။❣️အချိန်တန်ရင် ဖြစ်တဲ့အကြောင်းများလည်း
ငါတို့ တား ဆီး လို့မရ။
လက်ခံရရှိတဲ့ အကျိုးတရားတွေဟာလည်း
အကြောင်းကြောင်းတွေကြောင့်ပါပဲ။❣️ရင့်ကျက်ခြင်းဆိုတာ အကန့်အသတ်မရှိသလိုပေါ့။
တရက်ပြီး တရက် ရင့်ကျက်လာဖို့ ကြိုးစားပေမယ့်
စိတ်အရမ်းတိုလာတဲ့အခါ သောက်ရေးမပါလိုက်တာဟာ လို့
အစချီပြီး ဆဲချင်နေတုန်းပဲ။❣️အမှားတွေ အများကြီး လုပ်မိတဲ့အခါ
"မှားတာလည်း မှားတာပဲ
မှန်တာလည်း မှန်တာပဲ
လူ့စိတ်ဖြောင့်မှန်ရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်" ဆိုတဲ့
စာကြောင်းသုံးကြောင်းကို ရွတ်ပြီး
ငါ့ကိုယ်ငါ အလိုလိုက်နေမိတုန်း။❣️ဒါပေမယ့် ငါ မမှားတာ တော်တော်ကြာပါပြီ။
HHH
11:14 pm
Sep 22,2023
Friday[Zawgyi]
❣️မေတြ႕ရတာေတာင္ၾကာၿပီ
အားလုံးပဲ ခုတေလာမွာ
ဒုကၡလွလွေလးေတြ ႀကဳံၾကပါရဲ႕လား။❣️ျပတ္ရမယ့္ ဆက္ဆံေရးေတြလည္း
အၿပီးတိုင္ ျပတ္သြားၿပီ။
ခင္ခ်င္သလိုလို မခင္ခ်င္သလိုလို
ျဖစ္ေနတာေတြလည္း ဇယားျဖတ္လိုက္ၿပီ။❣️ေပါ့ေပါ့ပါးပါး ဆက္ဆံေရးေတြရယ္
ဘယ္လိုေနေန မျပတ္တဲ့ ဆက္ဆံေရးေတြရယ္ေတာ့
က်န္ခဲ့ေသးရဲ႕။❣️တက္တူးေလးတို႔အေၾကာင္း လာ လာ ေျပာျပတတ္တဲ့
လူနည္းစုထဲက ေကာင္မေလးတစ္ေယာက္။
ေနျပန္ေကာင္းလာမွာပဲလို႔ ငါထင္ခဲ့တဲ့
18 ႏွစ္တာင္မျပည့္ေသးတဲ့ အဲ့ဒီ့ကေလးမေလးလည္း
ျပန္မလာႏိုင္တဲ့လမ္းကို သြားႏွင့္ၿပီ။❣️ေသျခင္း ရွင္ျခင္းေတြဟာ
အခုခ်ိန္ထိ ငါ့ကို မ်က္စိလည္ေစတုန္း။❣️မႏွစ္က ခင္ခဲ့တဲ့ဆက္ဆံေရးေတြ အတိတ္မွာ က်န္ခဲ့ေပမယ့္
လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ခင္မင္ျခင္းေတြေတာ့
ဒီႏွစ္အထိ ပါလာေသးတယ္။
ေတာ္ေသးတာေပါ့ ဆိုၿပီး ငါ့မွာ ၿပဳံးမိ။❣️ေရစက္ေတြဟာလည္း ေနပူလြန္းရင္
အေငြ႕ပ်ံတတ္တယ္။
ေရတြင္းႀကီးေတြက်ေတာ့ အပူဒဏ္ကို မမႈ။
အဲ့လိုေတြးတတ္ရင္ အရာရာဟာ အဆင္ေျပတာပါပဲ။❣️အခ်ိန္တန္ရင္ ျဖစ္တဲ့အေၾကာင္းမ်ားလည္း
ငါတို႔ တား ဆီး လို႔မရ။
လက္ခံရရွိတဲ့ အက်ိဳးတရားေတြဟာလည္း
အေၾကာင္းေၾကာင္းေတြေၾကာင့္ပါပဲ။❣️ရင့္က်က္ျခင္းဆိုတာ အကန႔္အသတ္မရွိသလိုေပါ့။
တရက္ၿပီး တရက္ ရင့္က်က္လာဖို႔ ႀကိဳးစားေပမယ့္
စိတ္အရမ္းတိုလာတဲ့အခါ ေသာက္ေရးမပါလိုက္တာဟာ လို႔
အစခ်ီၿပီး ဆဲခ်င္ေနတုန္းပဲ။❣️အမွားေတြ အမ်ားႀကီး လုပ္မိတဲ့အခါ
"မွားတာလည္း မွားတာပဲ
မွန္တာလည္း မွန္တာပဲ
လူ႔စိတ္ေျဖာင့္မွန္ရင္ ဘယ္အရာမဆို ေအာင္ျမင္ႏိုင္တယ္" ဆိုတဲ့
စာေၾကာင္းသုံးေၾကာင္းကို ႐ြတ္ၿပီး
ငါ့ကိုယ္ငါ အလိုလိုက္ေနမိတုန္း။❣️ဒါေပမယ့္ ငါ မမွားတာ ေတာ္ေတာ္ၾကာပါၿပီ။
HHH
11:14 pm
Sep 22,2023
Friday
![](https://img.wattpad.com/cover/237443425-288-k889948.jpg)
YOU ARE READING
🖤Fragile Truth🖤
Non-FictionDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.