Fragile Truth (May 12,2023)

70 5 0
                                    

[Unicode]
May 12,2023

🌼ရာသီအကူးအပြောင်းမှာ အဆင်ပြေ နေကောင်း ကျန်းမာ ကြရဲ့လား။

🌼ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
အဆင်ပြေပါတယ် လို့ပဲ ဝတ်ကျေတန်းကျေ ဖြေပါ။

🌼မိုးဟာ မလာချင်တုန်းကလည်း အရိပ်မမြင်ရသလိုမျိုး
လာချင်တော့လည်း အားနဲ့ မာန်နဲ့ တဝုန်းဝုန်းရွာသလိုမျိုး။

🌼အခါလွန်မိုးတွေ ရွာချပေမယ့်
ပိတောက်လည်း မပွင့်နိုင်လောက်အောင်
ပူလောင်ခြောက်ကပ်မှုကို ခံစားခဲ့ပြီးပြီ။

🌼ပြောကြည့်ပါ ပိတောက်တွေ တကယ် သစ္စာရှိလာတာလား။

🌼ငါ့နှလုံးသားလည်း ခြောက်ကပ်နေအောင်
အရာအားလုံးကို အရှိအတိုင်း လက်ခံလိုက်ပြီးပြီ။

🌼ပြောကြည့်ပါ ငါရော တကယ် မချစ်တတ်တော့တာလား။

🌼လှပတဲ့အိပ်မက်ရယ်လို့ မရှိတော့ပါဘူး...
ဆက်မက်ချင်တဲ့ အိပ်မက် နဲ့ ဆက်မမက်ချင်တော့တဲ့ အိပ်မက် ပဲ ရှိတော့တာပါ။

🌼မအိပ်ဘဲ မက်တဲ့ ငါ့ရဲ့အိပ်မက်လေးတွေထဲ...
မင်းရယ် ငါရယ် သူရယ်...
လှပတဲ့ အတိတ်တချို့ နဲ့ မလှပတဲ့ အတိတ်ခပ်များများရယ်..
ပျော်ရွှင်ခြင်း နည်းမယ်..နာကျင်ခြင်း များမယ်..
ငါတို့ဘဝတွေထဲ ဖြစ်နေကျလိုမျိုး အချိုးကျကျပါပဲ။

🌼ချစ်ခြင်းမေတ္တာကို ခံစားမိချိန်
ငါလည်း မင်းကို တကယ်ပျော်ရွှင်စေချင်ပြီး
အမုန်းတရားကို ခံစားမိချိန်တော့
မင်းပျော်နေလို့ ဘယ်ဖြစ်ပါ့မလဲ...
ငါတို့ ထပ်တူထပ်မျှ နာကျင်ပူလောင်နေဖို့ လိုအပ်ပါတယ်။
ဒါကို မျှဝေခံစားခြင်းလို့ ခေါ်တယ် အချစ်ရဲ့။

🌼လူတွေဟာ အချစ်နဲ့တွေ့ရင် ပြောင်းလဲတတ်သလိုမျိုး
အသည်းကွဲသွားတဲ့အခါလည်း ပြောင်းလဲသွားပါတယ်။

🌼ငါ့စကားကို သံသယဝင်ရင်
မင်းကိုယ်မင်း ပြန်ကြည့်ပါ...
ပြီးရင် ငါ့ကို တချက်ပြန်တွေးကြည့်ပါ။

🌼လွမ်းနေမယ်ထင်လို့ အမှာစကားပါးလိုက်ပါတယ် အချစ်ရေ...။

🌼အမြင်အာရုံနဲ့ ကြည့်လည်း မမြင်ရ...
နှလုံးသားနဲ့ ကြည့်လည်း မမြင်ရတဲ့
မေတ္တာကွယ်တဲ့ အရပ်မှာ ငါ ရှိနေပါတယ်။

🌼ချစ်ခြင်းမေတ္တာတွေ ကုန်ခမ်းသွားတဲ့အချိန်
ငါ့ကို မင်း လာရှာနိုင်ပါတယ်။

HHH

[Zawgyi]
May 12,2023

🌼ရာသီအကူးအေျပာင္းမွာ အဆင္ေျပ ေနေကာင္း က်န္းမာ ၾကရဲ႕လား။

🌼ေကာင္းသည္ျဖစ္ေစ၊ မေကာင္းသည္ျဖစ္ေစ
အဆင္ေျပပါတယ္ လို႔ပဲ ဝတ္ေက်တန္းေက် ေျဖပါ။

🌼မိုးဟာ မလာခ်င္တုန္းကလည္း အရိပ္မျမင္ရသလိုမ်ိဳး
လာခ်င္ေတာ့လည္း အားနဲ႔ မာန္နဲ႔ တဝုန္းဝုန္း႐ြာသလိုမ်ိဳး။

🌼အခါလြန္မိုးေတြ ႐ြာခ်ေပမယ့္
ပိေတာက္လည္း မပြင့္ႏိုင္ေလာက္ေအာင္
ပူေလာင္ေျခာက္ကပ္မႈကို ခံစားခဲ့ၿပီးၿပီ။

🌼ေျပာၾကည့္ပါ ပိေတာက္ေတြ တကယ္ သစၥာရွိလာတာလား။

🌼ငါ့ႏွလုံးသားလည္း ေျခာက္ကပ္ေနေအာင္
အရာအားလုံးကို အရွိအတိုင္း လက္ခံလိုက္ၿပီးၿပီ။

🌼ေျပာၾကည့္ပါ ငါေရာ တကယ္ မခ်စ္တတ္ေတာ့တာလား။

🌼လွပတဲ့အိပ္မက္ရယ္လို႔ မရွိေတာ့ပါဘူး...
ဆက္မက္ခ်င္တဲ့ အိပ္မက္ နဲ႔ ဆက္မမက္ခ်င္ေတာ့တဲ့ အိပ္မက္ ပဲ ရွိေတာ့တာပါ။

🌼မအိပ္ဘဲ မက္တဲ့ ငါ့ရဲ႕အိပ္မက္ေလးေတြထဲ...
မင္းရယ္ ငါရယ္ သူရယ္...
လွပတဲ့ အတိတ္တခ်ိဳ႕ နဲ႔ မလွပတဲ့ အတိတ္ခပ္မ်ားမ်ားရယ္..
ေပ်ာ္႐ႊင္ျခင္း နည္းမယ္..နာက်င္ျခင္း မ်ားမယ္..
ငါတို႔ဘဝေတြထဲ ျဖစ္ေနက်လိုမ်ိဳး အခ်ိဳးက်က်ပါပဲ။

🌼ခ်စ္ျခင္းေမတၱာကို ခံစားမိခ်ိန္
ငါလည္း မင္းကို တကယ္ေပ်ာ္႐ႊင္ေစခ်င္ၿပီး
အမုန္းတရားကို ခံစားမိခ်ိန္ေတာ့
မင္းေပ်ာ္ေနလို႔ ဘယ္ျဖစ္ပါ့မလဲ...
ငါတို႔ ထပ္တူထပ္မွ် နာက်င္ပူေလာင္ေနဖို႔ လိုအပ္ပါတယ္။
ဒါကို မွ်ေဝခံစားျခင္းလို႔ ေခၚတယ္ အခ်စ္ရဲ႕။

🌼လူေတြဟာ အခ်စ္နဲ႔ေတြ႕ရင္ ေျပာင္းလဲတတ္သလိုမ်ိဳး
အသည္းကြဲသြားတဲ့အခါလည္း ေျပာင္းလဲသြားပါတယ္။

🌼ငါ့စကားကို သံသယဝင္ရင္
မင္းကိုယ္မင္း ျပန္ၾကည့္ပါ...
ၿပီးရင္ ငါ့ကို တခ်က္ျပန္ေတြးၾကည့္ပါ။

🌼လြမ္းေနမယ္ထင္လို႔ အမွာစကားပါးလိုက္ပါတယ္ အခ်စ္ေရ...။

🌼အျမင္အာ႐ုံနဲ႔ ၾကည့္လည္း မျမင္ရ...
ႏွလုံးသားနဲ႔ ၾကည့္လည္း မျမင္ရတဲ့
ေမတၱာကြယ္တဲ့ အရပ္မွာ ငါ ရွိေနပါတယ္။

🌼ခ်စ္ျခင္းေမတၱာေတြ ကုန္ခမ္းသြားတဲ့အခ်ိန္
ငါ့ကို မင္း လာရွာႏိုင္ပါတယ္။

HHH

🖤Fragile Truth🖤Where stories live. Discover now