သို သို့ သိုး

210 7 0
                                        

[Unicode]

🧡မဆုံတာတောင်ကြာပြီ။
တွေ့ရင် မမြင်ချင်ယောင်ဆောင်သွားပါ။

🧡ပူနွေးလာတဲ့ကမ္ဘာ့ရာသီဥတုနဲ့အတူ
ဆင်ခြင်တုံတရားမဲ့လာခြင်း။

🧡ကမ္ဘာဟာ ၂၃ ၁/၂ ဒီဂရီစောင်းတယ်ဆိုတာကို
မေ့လောက်တဲ့အထိ
အမြင်တွေလည်း စောင်းခဲ့ပြီးပြီ။

🧡ခပ်ပိန်းပိန်းပြောရရင်
အစောင်းကို အစောင်းတိုင်းကြည့်ရင်
တည့်သွားတယ်‌ပေါ့။

🧡နေတွေ ပြင်းလာသလောက်
ချစ်ခြင်းမေတ္တာတွေ လျော့နည်းလာတာမျိုး။

🧡လုပ်ယူနေရတဲ့ ခင်မင်ခြင်းတွေမှာတော့
Expired Date ရှိတတ်တယ်။

🧡plus or minus zero
အပေါင်း သို့ အနှုတ် သုည
အဲဒီလိုကံတရားနဲ့ ယှဉ်တွဲ‌မွေးဖွားလာသူပါ။

🧡အပေါင်းကို ၁ နဲ့မြှောက်ပြီး
အနှုတ်ကို ၂ နဲ့မြှောက်တာတော့
လွန်လွန်းတာပေါ့။

🧡ဘာတွေပဲကြုံကြုံ
ဟားတိုက်ရယ်မိလွန်းလို့ မျက်ရည်တောင်ကျမိ။

🧡ကိုယ်တိုင်လည်ရင်း ပတ်နေတဲ့ကမ္ဘာလိုမျိုး
လျှောက်တဲ့လမ်းတွေလည်း ထပ်ကာ ထပ်ကာ။

🧡ကြာလာတော့လည်း လူပဲလေ
စိတ်ကုန် စိတ်ပျက်တတ်တယ်။

🧡ခလုတ်ထိတိုင်း တရအောင်လည်း
ငါ့မှာ သူများတွေလို တစရာ
ချစ်ရပါသော ခင်ဖုန်းသက်ဝေလည်း မရှိ။
ရှမ်းသံဝဲဝဲနဲ့ ကိုကိုဖြိုးသူရလည်း မရှိတော့။

🧡ဘဝရဲ့ လမ်းတော်တော်များများဟာ
ဘာလမ်းတွေ ဖြစ်ခဲ့ပါလိမ့်။
အတိတ်ကို ပြန်လှန်ရှာရင်တောင်
ရှာစရာ အတိတ်တွေလည်း ကုန်သွားပြီ။
ပြီးတော့ လောလောဆယ် အနာဂတ်လည်း ကုန်နေ‌ရဲ့။
ပစ္စုပ္ပာန်ကိုတော့ ခဏရပ်နားထားတယ်။
နားလည်ပါရဲ့လား။

🧡နားမလည်ရင်လည်း
နားလည်ချင်သလို နားလည်လိုက်လို့ရ။
လူတိုင်းဟာ ဉာဏ်မှ မကောင်းကြတာ။

🧡ထပ်ပြောရရင်
အနာဂတ်ပျောက်နေတာ မဟုတ်ဘူး။
ငါ့ကိုယ်ငါ ပျောက်နေတာပါ။

🧡ခေါင်းမာတဲ့သူတွေဟာ အသေစောတတ်တယ်
အဲ့လိုဆိုရင်တောင် စိတ်မပူပါနဲ့
ပျင်းစရာလောကထဲမှာ
အကြာကြီးရှင်သန်ချင်စိတ်လည်း မရှိပါဘူး။

🖤Fragile Truth🖤Where stories live. Discover now