Live Life

179 6 0
                                        

✨ပျော်အောင်နေတာတောင်
မပျော်တော့တဲ့ အခုကာလတွေ။

✨လင်းထင်းနေတဲ့ပတ်ဝန်းကျင်မှာတောင်
ဘယ်နေရာကြည့်ကြည့်
စိတ်ခံစားချက်တွေ မှုန်မှိုင်းထုံထိုင်းရတာများ။

✨အပြင်မှာဘယ်လောက်လင်းလင်း
ရင်ဘတ်ထဲမှောင်မိုက်နေရတာမျိုး။

✨တောက်ပတဲ့အနာဂတ်ထက်
ဒီနေ့နဲ့မနက်ဖြန်ခါတွေမှာ
အပြစ်မဲ့သူများအားလုံး
အသက်ဆက်ရှင်သန်နေကြဖို့သာ လိုလားမိ။

✨ဘဝမှာအရေးကြီးဆုံးက ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ လို့
ခံယူထားတဲ့မိန်းမတောင်
ဒီရက်ပိုင်းမှာ လိပ်ပြာတွေ ‌မလုံရတာ အခါခါ။

✨ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ ပြန်မေးရင်း
တိတ်တိတ်လေးတွေးရင်း
တိတ်တိတ်လေးငေးရင်း
စကားလုံးတွေ မဲ့လာရဲ့။

✨နေသာသလို နေ နေရင်းနဲ့
နေမသာလာတော့တဲ့အခါ....

✨မသနားနဲ့ ကိုယ်ချင်းစာတတ်ဖို့သာ ကြိုးစား
ဟုတ်တယ်...
ကိုယ်ချင်းစာတတ်ဖို့သာ ကြိုးစားပြီး
ကိုယ်ချင်းစာကြရမှာ။

Oct 28,2024(Monday)
2:52 pm

🖤Fragile Truth🖤Where stories live. Discover now