[Zawgyi]
၁၅-၂-၂၀၂၂ ၉:၅၅ pm mst
[Unicode]
ကင်မ်ထယ်ယောင်း နေမကောင်းဘူး
ဒါက ငါ့ကို တော်တော် စိတ်မကောင်းဖြစ်စေတယ်
မနေ့ကတောင် ငါတော်တော် ကင်မ်ထယ်ယောင်း ကို လွမ်းနေမိတာ
အခုတလော active ဖြစ်တော့ ဝမ်းသာနေတာ
အမှန်အတိုင်း ဝန်ခံရရင် ဘုရားရှိခိုးတိုင်း ကင်မ်ထယ်ယောင်း ကို မေတ္တာ မပို့ဖြစ်တာ ကြာပြီ
ငါ မေတ္တာမပို့လည်း ကင်မ်ထယ်ယောင်း အဆင်ပြေမှာပဲ ဆိုတာသိလို့
ကိုယ့်ဘာသာကိုယ်တောင် အဆင်မပြေဖြစ်နေတော့ ငါပို့တဲ့ မေတ္တာတွေ ရောက်ပါ့မလား လည်း စိုးမိတယ်
ကင်မ်ထယ်ယောင်း ကို ချစ်လာတာ ၄ နှစ် ကျော်ပြီ
ကင်မ်ထယ်ယောင်း ကို ချစ်တဲ့အချိန်ကစပြီး ငါ ရည်းစားမထားဖြစ်တော့ဘူး
ငါ့ကို ချစ်တဲ့သူ က ကင်မ်ထယ်ယောင်း ကို ချစ်မပေးမှာ စိုးလို့
ပြီးခဲ့တဲ့ မွေးနေ့ မှာ ကင်မ်ထယ်ယောင်း အတွက် ဘာမှ မလုပ်ပေးရတာ ကိုလည်း စိတ်မကောင်းဘူး
အရင်နှစ်တွေတုန်းကတော့ ငါတတ်နိုင်သလောက် ပိုက်ဆံ လှူပေးခဲ့တယ်
ငါ နဲ့ အဆင်ပြေတဲ့ အလုပ် မြန်မြန် ရချင်ပြီ
၂၀၂၁ က ငါ ဘယ်သူ့အပေါ်မှာမှ တာဝန်မကျေဘူး လို့ ခံစားခဲ့ရတဲ့ နှစ်ပဲ
၂၀၂၂ မှာတော့ ငါ တာဝန်ကျေချင်တယ်
ငါ့ရဲ့ အနည်းငယ်မှားယွင်းနေတဲ့ အတွေးအခေါ်တွေကိုလည်း ပြင်ပြီးပြီ
ကင်မ်ထယ်ယောင်း မြန်မြန် နေကောင်းဖို့ မျှော်လင့်တယ်
ဒီနှစ်တွေထဲ အားတင်းပြီး နေထိုင်နိုင်တာ ကင်မ်ထယ်ယောင်း ကြောင့်ပါပဲ
ကင်မ်ထယ်ယောင်း ရဲ့ ချစ်ခြင်းမေတ္တာတွေ က ငါ့ဆီ ရောက်ပါတယ်
ငါ့ရဲ့ ချစ်ခြင်းမေတ္တာ တွေလည်း ကင်မ်ထယ်ယောင်း ဆီ ရောက်ပါစေ
ကင်မ်ထယ်ယောင်း ကို အမြဲပဲ ကျန်းမာ ပျော်ရွှင်စေချင်တာပါ
၁၅-၂-၂၀၂၂ ၉:၅၅ pm mst
YOU ARE READING
🖤Fragile Truth🖤
Non-FictionDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.
