ခုတလော သတိရနေမိတဲ့ ခင်ဗျား
အဆင်ပြေ နေကောင်း ပါရဲ့လားတိုက်ဆိုင်မှု မရှိဘဲ သတိရနေမိတာ
ခင်ဗျား က ကျုပ် ကို သတိရနေမိလို့သာ
အဲ့လို တဖတ်သတ် တွေးလို့ ဖြစ်ပါရဲ့လားခင်ဗျား ရဲ့ တကယ်လို့ ဆိုတဲ့ မေးခွန်း က
တကယ် ဖြစ်လာခဲ့ချိန်
ပြတ်ပြတ်သားသား ရွေးချယ်နိုင်တာကို
ကျုပ် က နာနေတဲ့ ရင်ဘတ် နဲ့
တိတ်တိတ်လေး ကြိတ် ဂုဏ်ယူရပါတယ်ခင်ဗျား နဲ့ ပတ်သတ်ပြီး
လှပတဲ့ အမှတ်တရ များများစားစား မရှိဘူး
ပတ်သတ်ခဲ့တဲ့ အချိန်တွေ မကြာဘူး
ကျုပ် ကို စိတ်သောက တွေလည်း မပေးဖူးဘူး
ဒါပေမဲ့
ပေးမယ့် ပေးတော့
တသက်စာ ဒဏ်ရာ ပါလား
ကျုပ် ရဲ့ နောက်ဆုံးကျန်တဲ့ ချစ်တတ်ခြင်းတောင်
ခင်ဗျား ကြောင့် ပျက်ပြယ်သွားတယ်ခင်ဗျား ပေးဖူးတဲ့ ပန်းစည်း ကလည်း
ခြောက်သွေ့ နွမ်းဖတ် လို့
ကျုပ် ရဲ့ ချစ်တတ်တဲ့ နှလုံးသား ကလည်း
ခြောက်သွေ့ ကွဲအက် လို့ထာဝရ ချစ်ဖို့ ကြိုးစားနေရတဲ့ အချိန်
ကျုပ် က ထာဝရ ထက် တရက် ပိုချစ်မယ် လို့
မပြောနိုင်ခဲ့တာ က
အပြစ် ဖြစ်သွားသလားဘဲကြီး အာရုံနောက်လာရင် ထားခဲ့လိုက်မှာနော်
အဲ့လို ပြောခဲ့တုန်းက ကျ
မလုပ်ပါနဲ့ ဒီတယောက်တည်း ပဲ ရှိတာပါ ဆိုခင်ဗျား ပေးတဲ့ နားလည်မှု တွေ မေတ္တာ တွေ နဲ့
ကျုပ် က နေသားကျလာချိန် ကျ မှ
ခင်ဗျား က ကျုပ် အပေါ် လုပ် ရက် လိုက် တာ များကျုပ် ကို အသည်းကွဲရင်
ဘယ်လို ငိုရမလဲ တောင်
သင် မပေးသွားခဲ့ဘူးကျုပ် ကို ကောင်းကောင်း
လွမ်းခွင့် တောင် မပေးဘူးခင်ဗျား ကတော့ ထင်မှာပေါ့
ဒီ ကလေးမ အရမ်း Strong ဖြစ်တာမို့
အဆင်ပြေသွားမှာပါ လို့တစစီ ပြန့်ကျဲနေတဲ့ အစိတ်အပိုင်းတွေ ကို
ကျုပ် တိတ်တိတ်ကလေး
လိုက် ကောက် ဆက် ပြီးရင်း ဆက် နေခဲ့ရတာ
ခင်ဗျား ကမှ မြင်အောင် မကြည့်ခဲ့တာကျုပ် ကလည်း ဘယ်သူ့ ကိုမှ
နောက်ထပ် ကိုကို လို့ ထပ်မခေါ်ချင်တော့ဘူး
ဘယ်သူ ကမှလည်း ကျုပ် ကို
သည်းသည်း လို့ ခေါ်တာ မကြားချင်တော့ဘူးဒါပေမဲ့ ကျုပ် မှာ
ရွေးချယ်ခွင့် ထပ် ရှိလာခဲ့ရင်လည်း
ခင်ဗျားရဲ့ post မှာယောက်ျားတယောက် ရဲ့ ဆွဲဆောင်မှုအရှိဆုံး အချိန်က
မျက်လုံးတွေ ကို မှေးစင်းပြီး စီးကရက် ငွေ့ တွေ ကို
ရှိုက်ထုတ်လိုက်တဲ့ အချိန် ပဲကျုပ် comment ထပ် ရေးဦးမှာပဲ
ခင်ဗျား ကလည်း ကျုပ်ကို သတိထားမိပြီး
စကား တွေ လာပြောဦး မှာပဲကျုပ် တို့ ချစ်သူ တွေ ထပ်ဖြစ်ကြဦးမှာပဲ
ဒီလိုပဲ
ကျုပ် အသည်း လည်း ထပ် ကွဲဦးမှာပဲ
ဒီလိုပဲ
ကျုပ် ကို ထပ် မချစ်ချင်တော့အောင်
ခင်ဗျား က Trauma ပေးဦးမှာပဲဒီလိုပဲ
ကျုပ် ကလည်း အဆင်ပြေချင်ယောင်ဆောင်ရင်း
ပျော်ပျော်ရွှင်ရွှင် နေ နေ ဦး မှာပဲ
YOU ARE READING
🖤Fragile Truth🖤
Non-FictionDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.