Letter for Tae Hyung

4.9K 115 0
                                        

‌ယောင်း ရေ
မင်း အတွက် သက်တောင့်သက်သာဖြစ်မယ့် ရင်ခွင် ကို ရှာပါ
မင်း ဝမ်းနည်းတိုင်း မင်းဘေးနား အမြဲရှိပြီး နှစ်သိမ့်ပေးနိုင်မယ့် သူ ကို ရှာပါ
မင်း ရဲ့ dark sides, bright sides ဘယ်လိုမျိုးကိုပဲ ဖြစ်ဖြစ် မင်းယုံယုံကြည်ကြည် ချပြနိုင်မယ့် သူ ကို ရှာပါ
မင်း အတွက် safe zone လို့ ခံစားရတဲ့ အသိုင်းအဝိုင်းထဲက သူ ကို ရှာပါ
မင်း ကို အများကြီး အစစ်အမှန် မြတ်နိုးပေးမယ့် သူ ကို ရှာပါ
မင်း ရဲ့ ဘဝအမောတွေ ရုန်းကန်ရခြင်းတွေကြား မှာ မင်းစိတ်ကို ငြိမ်းအေးစေတဲ့ သူ ကို ရှာပါ
ငိုချင်တာတောင် ထိန်းချုပ်ပြီး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် အဆုံးသတ်စကား ပြောသွားနိုင်တဲ့ ငါ့ရဲ့ ယောင်း က ငါ့ရဲ့ မျက်စိရှေ့မှာတင် တကယ်ကို အရွယ်ရောက်ပြီး ကြီးပြင်းလာခဲ့ပြီ
အဲ့အချိန်တုန်းက ယောင်း က မငိုပေမဲ့ ငါကတော့ ငိုချင်နေမိတယ်
အခုလည်း ငါ ဝမ်းနည်း ဝမ်းသာမျက်ရည်ကျမိတယ်
ငါ့ရဲ့ ယောင်း က တချိန်ချိန် မှာ လက်တွဲဖော် တွေ့တဲ့အခါ ငါက ယောင်း ကို ချစ်ပေမဲ့ ယောင်း ရဲ့ လက်တွဲဖော် ကို ချစ်နိုင်ဖို့ ‌တော်တော်ကြိုးစားရဦးမယ်
ငါ က ဘာလို့ အခု ဝမ်းနည်းနေရတာလဲတောင် ငါ မသိတော့ပါဘူး ယောင်း ရေ
ဖြစ်နိုင်မယ်ဆိုရင် ဒီအကြောင်းတွေကို ယောင်း ကို ငါ ကိုယ်တိုင်ပြောချင်ပေမဲ့ ......
ဘယ်လိုပဲဖြစ်ဖြစ် ယောင်း ကို ပျော်ရွှင်စေမယ့်သူ ကို ရှာပါ
ငါ့ရဲ့ ယောင်း‌ က တကယ်ကို အရွယ်ရောက်လာခဲ့ပြီပဲ

🖤Fragile Truth🖤Tempat di mana cerita hidup. Terokai sekarang