Hurtful Memory

37 3 0
                                    

[Unicode]

2021 ရဲ့ 6 လပိုင်းကစပြီး
2022 ရဲ့ 6 လပိုင်း အထိ

ဒါကို ငါက ဒီကာလ လို့ ရည်ညွှန်းတယ်

ဒီကာလ ဟာ
ငါ့ရဲ့ 20 ကျော်အရွယ် မှာ
နာကျင်ခက်ခဲရတဲ့ ကာလ ပါ

ဒီရက်ပိုင်းတွေဟာ
ငါတယောက်တည်း Pshyco ခဏ ခဏ ဖောက်ပြီး
တယောက်တည်း ပြိုလဲလိုက်
တယောက်တည်း ပြန်ထူမတ်လိုက်ပါပဲ

ဘာမှ မလုပ်နိုင်အောင် အာရုံတွေလွှင့်လို့
ခဏ ခဏ ပြန်စုစည်းနေရတာလည်း
အကြိမ်ကြိမ်ပါပဲ

ဒီနေ့ ငယ်သူငယ်ချင်း နဲ သွားတွေ့တော့
အသက်ကြီးလာတဲ့အကြောင်း
ရယ်ရယ်မောမော ပြောဖြစ်တယ်

ငါ့ ဘဝ က အရမ်းကို ခါးသီးခက်ခဲနေတယ်
ဆိုတဲ့ စကား ကိုလည်း
ရယ်ရယ်မောမော ပြောဖြစ်တယ်

လူတွေ သတ်မှတ်နေကျ ငါ့ပုံစံအတိုင်းပါပဲ
နင် က အရမ်း Strong ဖြစ်တာမို့
အားလုံး အဆင်ပြေသွားမှာပါ တဲ့
ဒီသူငယ်ချင်းကလည်း ငါလက်ခံထားတဲ့
ငါ့ရဲ့ တဦးတည်းသော ငယ်သူငယ်ချင်းပါပဲ

နင် အခုလို ခက်ခဲနေတဲ့အချိန် မှာ
နင့်ကို ကူညီတဲ့သူ တွေရှိတာ
ဝမ်းသာစရာပါပဲ
နင့် မှာ မိတ်ဆွေကောင်းတွေ ရှိတာပဲ တဲ့

ဟုတ်သားပဲ
ငါ့မှာ မိတ်ဆွေကောင်းတွေ ရှိတာပဲ
ဘယ်တုန်းက မိတ်ဆွေကောင်းတွေ ရှိခဲ့တာလဲ
သေချာ သတိမထားမိခဲ့ပေမယ့်
ဒီကာလ မှာတော့ မှတ်မှတ်ထင်ထင်
စိတ်ရင်း နဲ့ ကျေးဇူးတင်ရပါတယ်

ဒီကာလမှာ
အယူ တွေပဲ ရှိခဲ့တာမို့
ပြန်ပေးနိုင်အောင်
ပိုကြိုးစားပါ့မယ့်အကြောင်း

ဒီ နာကျင်ခါးသီး ဝမ်းနည်းစရာကောင်းတဲ့ နေ့ရက်များကို
ဒီနေရာ မှာ မှတ်တမ်းတင်လိုပြီး
နောင်တစ်ချိန် ပြန်ကြည့်ဖြစ်ရင်
ရယ်နိုင်နေမှာလား သိချင်မိတဲ့အကြောင်းးး

တခြားသူတွေရဲ့ အဆုတ်ထဲ ရောက်သွားတဲ့
Covid က
ငါ့ ဦးနှောက်ထဲ ကို အရင်ရောက်တယ်
ငါ့ ဦးနှောက် ထဲကတဆင့်
ငါ့ အဆုတ် ထဲ
ငါ့ အဆုတ် ထဲကတဆင့်
ငါ့ နှလုံးသား ထဲ

အခုထိ ငါ့ နှလုံးသားထဲ
ငါ့ နှလုံးသား က သေနေတယ်

နောက်တကြိမ် ဒီစာ ကို ပြန်ဖတ်မိရင်
ငါ့ နှလုံးသား နဲ့ ငါ့ ဦးနှောက် လည်း
ပြန် ရှင်သန်လာဖို့ မျှော်လင့်မိရင်း

ဒါက ငါ့ရဲ့
နာကျင် ခါးသီးဖွယ်နေ့ရက်များ ရဲ့
နောက်ဆုံး မှတ်တမ်း အဖြစ်
ငါ မျှော်လင့်တယ်

20220605
9:09 pm
Sunday

[Zawgyi]

2022 ရဲ့ 6 လပိုင်း အထိ


ဒီကာလ ဟာ

ဒီရက်ပိုင်းတွေဟာ

အကြိမ်ကြိမ်ပါပဲ


ဆိုတဲ့ စကား ကိုလည်း


ဝမ်းသာစရာပါပဲ

ဟုတ်သားပဲ

ဒီကာလမှာ
ပြန်ပေးနိုင်အောင်


Covid က
ငါ့ ဦးနှောက် ထဲကတဆင့်
ငါ့ အဆုတ် ထဲ
ငါ့ အဆုတ် ထဲကတဆင့်
ငါ့ နှလုံးသား ထဲ

အခုထိ ငါ့ နှလုံးသားထဲ


ဒါက ငါ့ရဲ့
ငါ မျှော်လင့်တယ်

20220605
9:09 pm
Sunday

🖤Fragile Truth🖤Where stories live. Discover now