Untitled-1

252 3 0
                                        


🎭တစ်စုံတစ်ခု ကို ဆုပ်ကိုင်ထားရတာ ပင်ပန်းလာရင်
လွှတ်ချလိုက်ပါ
ဘယ်လို လွှတ်ချနိုင်မှာလဲ
ငါ ဆုပ်ကိုင်ထားမိတဲ့ တစ်စုံတစ်ခု ဟာ
ငါ ကိုယ်တိုင် ပါ

🎭ဘဝ မှာ လျှောက်ရင်း လှမ်းရင်း
ဘယ်သူ က များ ငါ့ရင်ထဲ ထိ ရောက်လာပါသလဲ
ဖျတ်ခနဲ ပေါ်လာတဲ့ တစ်စုံတစ်ခု တောင် မရှိခဲ့ခြင်း

🎭ဘဝ မှာ လျှောက်ရင်း လှမ်းရင်း
ငါ့ မြင်ကွင်း က ပျောက်ကွယ်သွားသူတွေချည်းသာ
စိတ်ချင်း မနီးဘူး လို့ ခံစားခဲ့ရခြင်း

🎭၂၈ နှစ်ကြာ တစ်ယောက်တည်း
လျှောက်လှမ်းခဲ့ရတဲ့ ဒီခရီး
ငါ့ စိတ်ဝိညာဉ် ဟာ ပင်ပန်းနွမ်းလျ
ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်တစ်လုံး မဟုတ်တော့
ငါ့ ကိုယ်ငါ လည်း လွှတ်ချဖို့ ခက်ခဲ
အမေ့ ရဲ့ အပြုံးတွေ ဟာလည်း
အမောမပြေ

🎭ငြင်းခုန်ရခြင်းတွေ နဲ့ အတော်‌နေသားကျခဲ့သည့်တိုင်
ငါ ဟာ စကား များများ မပြောချင်ခဲ့
ငါ ဟာ စကား များများ ပြောတတ်သူ တစ်ယောက် မဟုတ်ပါ

🎭ငါ ဟာ တိတ်ဆိတ်ခြောက်ကပ်တဲ့ သစ်ပင်အိုကြီး လိုပဲ
အဝေးက လှမ်းကြည့်ရင်လည်း ထီးထီးကြီး မြင်ရ
အနီးရောက်လာလည်း ထီးထီးကြီး ပါပဲ

🎭ဒီ မတိုင်ခင်က
ငါ ဟာ တက်ကြွတဲ့ ရည်မှန်းချက်တွေ လက်မလျှော့တတ်တဲ့ အမျိုးသမီးငယ် တစ်ယောက်ပါ
တဖြည်းဖြည်းနဲ့ ပျင်းရိခြင်း ဆယ့်ခြောက်ပါး ရယ် တွေဝေခြင်း သုံးဆယ့်ရှစ်ပါး ရယ် နောင်တတရား ခြောက်ဆယ် ရယ် က
တိုက်စားလာတဲ့ အခါ
ငါဟာ ရေ တိုက်စားခံရတဲ့ မြစ်ကမ်းပါး ပြို ကြီးလိုပဲ
ဆက်ပြိုနေဦးမှာပဲ

🎭ကိုယ်ဘာမှ မလုပ်ဘဲ နဲ့ ဘာမှ မမျှော်လင့်နဲ့ ဆိုတဲ့ စကား ကို
ငါ နားလည်ပါတယ်
ဒါပေမဲ့ ဘာမှ မမျှော်လင့်ခဲ့ရင်
ငါ ဒီနေ့လို စိတ်ဓာတ်ကျနေခဲ့မှာ မဟုတ်ဘူး

🎭ဘာမှ မရှိပေမဲ့လည်း ဘာမှ မစွန့်ဖြစ်ခဲ့
အဓိပ္ပါယ် မရှိခြင်းတွေကြားမှာ
ရှင်သန်နေရပေမယ့်လည်း
ငါ ဆက်ရှင်သန်ချင်ပါတယ်
ဒီလိုပြောရတာ ငါ အရမ်းအားနာပါတယ်

🎭ငါဟာ ဘယ်တုန်းကမှ သူရဲကောင်း ဖြစ်ဖို့ စိတ်ဆန္ဒမရှိခဲ့
ငါဟာ ဘယ်တုန်းကမှ ငါ့ကိုယ်ငါလည်း လွှတ်ချဖို့ စိတ်ကူးမရှိခဲ့

🖤Fragile Truth🖤Donde viven las historias. Descúbrelo ahora