[Zawgyi]
ဘဝ က
လိုသလို ဖြတ်ထုတ်လို့ရတဲ့ အရာ တခု မဟုတ်တော့
ငါ မုန်းတဲ့ အပိုင်း တွေ ကို လည်း
လက်ခံထား ရ
ဖြစ်နိုင်မယ် ဆိုရင်
ငါ့ဘဝ ငါ
ပြန် Edit လုပ်ချင်
တော်တယ် ထက်တယ် ဆိုတဲ့ စကားတွေကြားထဲ
ငါ တခါလောက် ညံ့ပစ်လိုက်ချင် သေး
Dark Side တွေ တူနေတဲ့ အဖော် တယောက်
ငါ့ကို ဆက်သွယ် ပါ
ငါ မှား ရင် လိုက် မှား ပေးတာမျိုး
ငါ မှား လည်း မှန် တယ် ထောက်ခံတာမျိုး
ရှေ့လျှောက် ဘဝ မှာ
ငါ တခါလောက် စိတ်လွတ် ကိုယ်လွတ် ဆိုးချင်မိ
စီးကရက် တွေ သောက်
မျက်လုံးတွေ မှေးစင်း
အငွေ့တွေ တခါလောက် ရှိုက်ထုတ်ချင်
ပူပင် သောက ဝမ်းနည်းစရာတွေ
အဲ့ဒီ အငွေ့ တွေ နဲ့ ပါသွားနိုင်မလား
စီးကရက် သောက်နေကြ လူတွေ ကို ငါ မေးကြည့်ချင်
ဘဝ မှာ ဘာအတွက် ငါ လိမ္မာခဲ့တာလဲ
ဘဝ မှာ ဘာအတွက် ငါ ကြိုးစားခဲ့တာလဲ
ခုတလော ထပ်ကာထပ်ကာ ကိုယ့်ကိုယ်ကိုယ် မေးဖြစ်
အနာဂတ် သာ ကြိုမြင်ရရင်
စိတ်ရှိ လက်ရှိ ဆိုးသွမ်း ပစ် ခဲ့ မိမလား
စိတ်ဓာတ် ဟာ
ကျသွားတိုင်း ပြန်ကောက်စားလို့ရတဲ့
မဖောက်ရသေးတဲ့ သကြားလုံး မဟုတ်
ဘဝ ဟာ
ဖျက်ရာ များတဲ့ စာရွက်တွေ ကို
ရွေးပြီး ဆုတ်ဖြဲပစ်လို့ရတဲ့
စာအုပ် တအုပ် မဟုတ်
နွေမိုးဆောင်း မကွဲတဲ့ ရာသီတွေမှာ
ချစ်ခြင်း မုန်းခြင်း ကို
ထူးပြီး ခွဲခြားချင်မနေ
အက်ကွဲသွားတဲ့ ဆက်ဆံရေး တွေ အတွက်
ငါ ထူးပြီး ဝမ်းမနည်းမိ တဲ့အခါ
ငါ ကပဲ
အေးစက် အသည်းမာ တဲ့ မိန်းမ
ဖန်ခွက်တွေ ကွဲသွားရင်
ပြန်ဆက်ခဲ့ဖူးသလား
ပြန်ဆက်လို့ရသလား
အေးစက်တဲ့ အသံ နဲ့ မေးမိရင်
ငါ က ပဲ လူဆိုးမ
ငါ ဟာ
အကြိမ်ကြိမ်အခါခါ လဲပြိုပြီး
အကြိမ်ကြိမ်အခါခါ ကျရှုံးပြီး
အကြိမ်ကြိမ် အခါခါ ပြန် ထ ခဲ့ တဲ့ သူ
ВЫ ЧИТАЕТЕ
🖤Fragile Truth🖤
Документальная прозаDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.
