[Unicode]
ရက်ပိုင်းအတွင်း အသက်၂၉ နှစ် ပြည့်တော့မယ့်
အမျိုးသမီးတယောက် ပါ
တာဝန်မကျေမှုကြောင့် ထမ်းပိုးထားရတဲ့ သောကအထွေထွေ ရှိတယ်
တာဝန်မကျေတာများလို့ အမြဲအားနာနေရပြီး
နာမည်အတိအကျတပ်လို့မရတဲ့ ခံစားချက်တွေရောပဲ
အသက်ရှင်နေပေမယ့် အမြဲအသက်ရှူကျပ်ခဲ့ရတဲ့
ကာလတွေပါပဲ
သာကြောင်း မာကြောင်း ဘာညာသာရကာ
ဖုန်းဆက်မေးတဲ့ ငယ်သူငယ်ချင်း က
စကားပြောရင်း ကောက်ချက်ချတယ်
ထက် နင်က အရင်အတိုင်းပဲ
မပြောင်းလဲသေးဘူးတဲ့
ဟုတ်တယ် လို့ ပြန်ဖြေပေမယ့်
အဓိပ္ပါယ်အများကြီး ရှိတယ်
ငါ့ ခေါင်းမာတဲ့ အကျင့် က အရင်အတိုင်းပဲ
ငါ့ ဇွတ်တရွတ်ဆန်တဲ့ အကျင့် က အရင်အတိုင်းပဲ
ငါ မှန်တာတွေ ပြောတတ်တာလည်း အရင်အတိုင်းပဲ
ဟုတ်လည်း မခံ မဟုတ်လည်း မခံတာ က အရင်အတိုင်းပဲ
ဪ ပြီးတော့
ငါ မအောင်မြင်သေးတာလည်း အရင်အတိုင်းပါပဲ
အောင်မြင်မှုမှာ ငါ သတ်မှတ်ထားတဲ့ စံနှုန်း ရှိတယ်
ငါ့စံနှုန်း ကို မရောက်မချင်း
ငါ မအောင်မြင်ဘူး
အမျိုးသမီး လို့ သုံးရတာ
နည်းနည်းတော့ ကြီးကြီးကျယ်ကျယ်နိုင်တယ်မလား
ငါ လည်း သိပ် အသားမကျပါဘူး
ဒါပေမဲ့ သေချာစဉ်းစားကြည့်မယ်ဆိုရင်
၂၉ နှစ် ဆိုတာ ကောင်းကောင်းရင့်ကျက်
အောင်မြင်ရမယ့် အချိန်တခုပဲ
ဒါပေမဲ့ တခါတလေကျ
ထက်လွန်းတာလည်း မကောင်းဘူးမလား
ငါ့သူငယ်ချင်းတွေက
ရင့်ကျက်အောင်မြင်တဲ့ အမျိုးသမီးတွေ ဖြစ်ကုန်ပြီ
အမျိုးသမီးတယောက် ဖြစ်လာတာကို
ကြိုးစားလက်ခံနေရတဲ့ ငါကတော့
ခုထိ ဘူနေဆဲပဲ
မနာလိုစိတ်အကြောင်း ဝန်ခံရရင်
လူပဲ ကိုယ့်ထက်သာ မနာလို ဖြစ်တတ်တာပေါ့
ဒါပေမဲ့ ကိုယ့်ကိုယ့်ကိုယ် က လွဲရင်
ကျန်တဲ့သူတွေ ကို သိပ်အထင်မကြီးတတ်တော့
မနာလိုဖြစ်စရာ အကြောင်းက မရှိတော့တာ
ဒီဘူနေတဲ့ တယောက်မှာက
ဘဝင်တအားမြင့်တဲ့ ရောဂါရှိတယ်
သိပ်တော့ စိုးရိမ်စရာမလိုပါဘူး
လူတော်တော်များများနဲ့ ကောင်းမွန်တဲ့
ပေါင်းသင်းဆက်ဆံရေး ရှိနေသေးတာကိုး
YOU ARE READING
🖤Fragile Truth🖤
Non-FictionDon't Read.(မဖတ်ရ။) It's about just my feeling and dark sides This is neither Taekook Fiction nor Normal Story. This is neither ongoing nor completed. This is never ever endless feeling of the stubborn lady.
