တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ငေးနေရင်းမှ ဉာဏ်ထက်ကို သတိရမိသည်။ ဒီအချိန်ဆို သူ ဘာတွေလုပ်နေမလဲ။
"လူကြီးမင်းရဲ့ ခန္ဓာဘေးမှာပဲ ရှိနေသေးပါတယ်'
Systemလေးက ချက်ချင်းဆိုသလို အကြောင်းပြန်လာခဲ့သည်။
"နေပါဦး...ဖြူလုံးရ ငါဒီရောက်နေတာ တစ်ပတ်လောက်ရှိပြီ သူက ဘာမှ မစားပဲ မသောက်ပဲ ငါ့ဘေးမှာပဲလား?'
"ဒီကမ္ဘာ နဲ့ လူကြီးမင်းလာခဲ့တဲ့ ကမ္ဘာက အချိန်နာရီတွေ မတူပါဘူး အဲဒါအတွက် စိတ်မပူပါနဲ့...'
System လေးရဲ့ စကားကြောင့် အနည်းငယ် စိတ်အေးသွားရသည်။
"အယ်...ဒါနဲ့ ဝေ့ဝူရှန့်ရဲ့ ဆန္ဒက ဘာလဲ? ငါဒီအတိုင်းနေရတာ ပျင်းလာပြီ'
"ဝေ့ဝူရှန့်က သူ့ရဲ့ ဆရာတူညီနဲ့ ကျန်းဂိုဏ်းသားအဖြစ် ဆက်နေချင်တာပါ'
Systemလေးရဲ့ စကားကြောင့် အနည်းငယ် မှိုင်သွားမိသည်။ လန်ကျန့်က ကျန်းချန်နဲ့ ပေးတွေ့ပါ့မလားပေါ့။ systemလေး ပြောပြလို့ ဝေ့ဝူရှန့်ရဲ့ အကြောင်းအစုံလဲ သူသိပြီးပြီ။ ဝေ့ဝူရှန့်ရဲ့ အမှားလို့ ယူဆထားသည့် ကျန်းချန်က ဝေ့ဝူရှန့်ကို သေချာပေါက် မုန်းနေတော့မှာပဲ။ ဒီလိုသာဆို လန်ကျန့်က နည်းနည်းတောင်ပေးတွေ့မှာ မဟုတ်ဘူး။
"ဒါဆို ကျန်းချန်ကို အမှန်တိုင် ရှင်းပြလိုက်သင့်လား?'
"မဖြစ်ပါဘူး ဝေ့ဝူရှန့်က ကျန်းဂိုဏ်းသား ပြန်မဖြစ်ရင်နေပါစေ သူ့အတွင်းအားလွှဲပေးထားတဲ့အကြောင်းကို ထုတ်ပြောမည့်သူမျိုးမဟုတ်ပါဘူး...ချောက်ကမ်းပါးကနေပြုတ်ကျတဲ့ အထိတောင် ထုတ်မပြောပဲ နေခဲ့တာပါ'
သေစမ်း...ဝေ့ဝူရှန့်ရ အဲလောက်ပဲ ဖြူစင်နေရသလား။ ကိုယ့်ကိုကိုယ် အပြစ်ပြောခံပြီး သွေးမတော် သားမတော် ဆရာတူညီ တစ်ယောက်အတွက် အသေခံရတယ်လို့။
"ဝေ့ဝူရှန့်က ကျန်းဂိုဏ်းနဲ့ မိသားစုအရင်းအရှာလို ဖြစ်စေခဲ့တာမလို့ ကျန်းဂိုဏ်းအပေါ် ဘယ်လိုနည်းနဲ့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး'
"အဲတော့ သူ့ဆန္ဒလဲဖြည့်ဆည်းပေးရမယ် အမှန်တိုင်လဲ မပြောရတော့ သူ့ဆရာတူညီကို ဘယ်လိုနားချရမလဲ ဟိုက ဇီထျန့်နဲ့ ကြိုးဆွဲချမခဲ့ရင် ကံကောင်း'
YOU ARE READING
If we'll meet in another life(uni+zaw) 'System'
Fanfictionထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင့် မသေဆုံးသည့်ခန္ဓာနှင့် ဝိဉာဥ်ဟာ system လေးရဲ့ ဆွဲခေါ်ခြင်းခံလိုက်ရကာ တခြားကမ္ဘာရှိ ဝိဉာဥ်ပျောက်ဆုံးနေသည့် မှော်နက်အရှင် ဝေ့ဝူရှန့်၏ ခန္ဓာထဲမှာ ဝင်စားလိုက်ရတော့တယ်။ Zawgyi ထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင...