"ပျင်းစရာကောင်းလိုက်တာ....လန့်ကျန့်ဆိုတဲ့လူကလည်း ဟို စိတ်မချ ဒီစိတ်မချနဲ့.... ဟူးးး....ဖြူလုံး....ဖြူလုံးရေ...'
"ကျွန်တော်က system ပါ ဖြူလုံးမဟုတ်ပါဘူးဆို...'
"ငါ ပျင်းလို့ အဖော်လုပ်ပေးစမ်းပါ...'
အမယ်....system ကိုများ သူငယ်ငယ်က ဆော့တဲ့ ပလုတ်တုတ် နဲ့ မှားနေသလား။
"ဝေ့ရင်း....'
တည်ငြိမ် အေးဆေးသော အသံအေးအေး ကို ကြားရတော့ မျက်ဝန်းတွေ ကျယ်သွားကာ အားရဝမ်းသာ ထရပ်လိုက်တော့ ခါးက ဆစ်ကနဲ....ပစ်ကျထားတဲ့ ဒဏ်က နာနေတုန်းပဲ။
"အာ့....'
"ဝေ့ရင်း...သတိထား'
ခါးကို အမြန်ထိန်းပေးကာ ဖြည်းဖြည်းထစေသည့် သူ့လက်တွေဟာ နူးညံ့လွန်းစွာ။
"အာ့....လန်ကျန့်....ရတယ်...'
ဒီလူက ဉာဏ်ထက်နဲ့ ရုပ်ချင်းတူတာ မှန်သော်ငြား တစ်ခြားတစ်ဦး ဆိုတာ သိနေသည့် စိတ်က skin ship ကိစ္စကို စိမ်းသက်သက်နေသေးသည်။
"ဟီး....ငါ....'
အပြင်ထွက်ရန် တောင်းဆို ကြည့်ဖို့ ကြံရင်း ရှေ့တည့်တည့်ကြည့်လိုက်တော့ အပြာရောင် ဝတ်ရုံနှင့် ခန့်ခန့် ချောချော လူတစ်ယောက်ကို တွေ့သည်။
ဒီလူက ဘယ်သူပါလိမ့်။
"လောကသိအမည် ဇယ်ဝူကျွင်း မျိုးရိုးအမည် လန်ရှီးချန် ငယ်နာမည် လန်ဟွမ့် လန်ဝမ့်ကျီးရဲ့ အစ်ကို လန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်'
System လေးရဲ့ စကားက ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အခါ ခေါင်းရှုပ်သွားသည်။
များလိုက်တာ ဝေ့ဝူရှန့် ခေါ်နေကျ နာမည်ပဲ ပြောပါလား အကုန်လိုက်မမှတ်နိုင်ဘူး။
"ဇယ်ဝူကျွင်းပါ...'
System လေးဆီက အဖြေရရချင်း မတ်တပ်အနေအထား လက်နှစ်ဖက် ရှေ့ထုတ်ကာ ခါးကိုင်းရင်း နှုတ်ဆက်လိုက်သည်။
"ဇယ်ဝူကျွင်း....'
ဒါလောက်တော့ သူသိတယ်။ series တွေ movies တွေထဲ မြင်ဖူးတယ်။
"ဝေ့သခင်လေး....သက်သာပြီလား?'
"ဟုတ်ကဲ့ သက်သာပါပြီ'
YOU ARE READING
If we'll meet in another life(uni+zaw) 'System'
Fanfictionထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင့် မသေဆုံးသည့်ခန္ဓာနှင့် ဝိဉာဥ်ဟာ system လေးရဲ့ ဆွဲခေါ်ခြင်းခံလိုက်ရကာ တခြားကမ္ဘာရှိ ဝိဉာဥ်ပျောက်ဆုံးနေသည့် မှော်နက်အရှင် ဝေ့ဝူရှန့်၏ ခန္ဓာထဲမှာ ဝင်စားလိုက်ရတော့တယ်။ Zawgyi ထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင...