ဂူထဲရောက်သည်နှင့် ဝေ့ဝူရှန့်ခေါင်းဟာ မချိမဆန့်ထိုးကိုက်လာရတော့သည်။ ဂူတစ်ခုလုံး အညိုးအတေးလျှံနေသော ဝိညာဥ်များ၏ စူးစူးဝါးဝါး ဗလုံးပထွေး အသံများက သူ့နားစည်ကို ဆူးကနဲနေအောင် လာရိုက်ခတ်သည်။ သူ သူ့ခေါင်းသူလက်နဲ့ထိန်းလိုက်ကာ ခေါင်းအနည်းငယ်ခါလိုက်ရသည်။ လန်ဝမ့်ကျီးက သူ့ကိုယ်ကိုထိန်းထားပေးရင်းစိုးရိမ်တကြီး မေးလာသည်။
"မင်း အဆင်ပြေရဲ့လား?'
ဝေ့ဝူရှန့် တစ်ကိုယ်လုံး ကြက်သီးများထလျှက်။ သူကပြောလိုက်သည်။
"ရတယ်....ဒီနေရာကြီးက ဘာကြီးလဲ ခံစားချက်မကောင်းလိုက်တာ...'
သူလန်ဝမ့်ကျီး၏ လက်ထဲမှထွက်ကာ ဂူထဲတစ်ပတ်ပတ်ကာ အော်ခေါ်လိုက်သည်။
"ကျင်းလင်! ...'
ထို့နောက် သူက system၏ ''မြေမြှုပ်ခံထားရတဲ့ ကျင်းသခင်လေးကို ကယ်တင်ဖို့ပါ''
ဟူသည့် missionကို သတိရသွားပြီးနောက် သူ့ခြေထောက်ကိုပင် အထိတ်တလန့် မြှောက်ကာ ခုန်လိုက်မိသည်။ သူများ တက်နင်းမိထားမလားဟု။ သို့သော် သေချာတွေးကြည့်လျှင် သူခုန်ကာ နေရာရွှေ့လိုက်သည့် နေရာတွင်လဲ ကျင်းလင်က အမြှုပ်ခံထားရနိုင်သည်လေ။ သိပ်တော့မထူးလှ။ လန်ဝမ့်ကျီးကမူ သူ့ကိုမေးလာသည်။"အောက်မှာ တစ်ခုခုရှိလို့လား?'
ဝေ့ဝူရှန့် ခေါင်းခါလိုက်သည်။ သူက ရောရောယောင်ယောင် နှင့် မပွင့်တပွင့်ဖြေသည်။
"ဒီဂူထဲဝင်လာတည်းက ကြက်သီးတွေထနေတာ ခံစားချက် မကောင်းလို့...နည်းနည်းလန့်နေရုံပဲ ဘာမှမဖြစ်ဘူး...'
လန်ဝမ့်ကျီး မျက်လွှာချထားသည်။ သူကအကြံပေးလာသည်။
"ဝိညာဥ်မေးမြန်းခြင်း အစီအရင် သုံးကြည့်မလား?'
ဝေ့ဝူရှန့် ရုတ်တရက် နားမလည်ဖြစ်သွားရကာ သူ့ရှေ့မှမြင်ကွင်းသည် တဖြည်းဖြည်း ပြောင်းလဲလာလေသည်။ အေးစက်စက်ရေခဲလိှုဏ်ဂူကြီးထဲ၌ သူရော လန်ဝမ့်ကျီးကပါ ဝတ်ရုံဖြူလေးတွေနှင့်။ ကျောက်စိမ်းဖြူဗျပ်စောင်းတစ်ခုတင်ထားသည့် ကျောက်စားပွဲရှေ့၌အတူရပ်လျှက်။ နှစ်ယောက်သားက တစ်ကိုယ်လုံး၌ ရေများတောက်တောက်ကျလျှက်။ လန်ဝမ့်ကျီးက သူ့ကို မနှစ်မမြို့ကြည့်နေသော်ငြား သူ့လက်တွင်တော့ တိမ်လွှာနဖူးစည်းကို ရစ်ပတ်ထားလေသည်။ လန်ဝမ့်ကျီး ပြောလာသည်။
YOU ARE READING
If we'll meet in another life(uni+zaw) 'System'
Fanfictionထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင့် မသေဆုံးသည့်ခန္ဓာနှင့် ဝိဉာဥ်ဟာ system လေးရဲ့ ဆွဲခေါ်ခြင်းခံလိုက်ရကာ တခြားကမ္ဘာရှိ ဝိဉာဥ်ပျောက်ဆုံးနေသည့် မှော်နက်အရှင် ဝေ့ဝူရှန့်၏ ခန္ဓာထဲမှာ ဝင်စားလိုက်ရတော့တယ်။ Zawgyi ထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင...