ကျင်းလင်သည် သိပ်ကိုလိမ္မာရေးခြားရှိသူဖြစ်သည်။ ဦးလေးဖြစ်သူထွက်ခွာသွားသည်နှင့် ကျန်းဂိုဏ်းသားအချို့ကို လူစောင့်ရန် နေရာချသည်။ ထို့နောက် သူကတော့ ထိုစောင့်ကြည့်ခံလူထူးလူဆန်းအား ခေါ်ကာ တစ်ခုတည်းသော နောက်ပေါက်မှ ခိုးထွက်ခဲ့ကြသည်။ ထိုနေရာနှင့် တော်တော်လှမ်းသည်ထိ ပြေးလာခဲ့ကြပြီးနောက် သူတို့အတော်လေး မောပန်းလာပြီဖြစ်သည်။ ဝေ့ဝူရှန့်က ဒူးပေါ်လက်တစ်ဖက်ထောက်ကာ လက်တစ်ဖက်က ကျင်းလင်အား ဆက်မပြေးရန်တားလိုက်သည်။
"ရပြီ ရပြီ...''
ထိုအခါ ကျင်းလင်က ပြေးနေရာမှ အရှိန်သတ်လိုက်ပြီး ဝေ့ဝူရှန့်ကိုလှည့်ကြည့်ကာ မျက်စောင်းထိုးပြန်သည်။
*ဒီချာတိတ်က ဘာလို့ မျက်စောင်းချည်းလှိမ့်ထိုးနေပြန်တာလဲ?*
"ခင်ဗျား ကျွန်တော့်ကိုကယ်ပေးလို့ ကျွန်တော်ပြန်ကယ်ပေးတာ ကျွန်တော်တို့ကျေပြီနော်...''
ဝေ့ဝူရှန့်က ခေါင်းနှစ်ချက်ညိတ်ကာ ကျင်းလင်ကိုကြည့်ရင်းမေးလိုက်သည်။
"မင်းဦးလေးက ငါ့ကိုဘာလို့ဖမ်းတာလဲ မသိဘူးလား?''
"သိတယ်လေ...ခင်ဗျားကို ဝေ့ဝူရှန့်လို့ သံသယဝင်နေလို့လေ...''
"ေဩာ် မင်းကရော ငါ့ကိုဘယ်လိုထင်လဲ?...ငါကတကယ်ဝေ့ဝူရှန့်ဖြစ်နေရင်ရော...''
ထိုအချိန်မှာပင် မလှမ်းမကမ်းမှ ခွေးဟောင်သံက ပျံ့လွင့်လာခဲ့သည်။ ဝေ့ဝူရှန့်က သူ့ရဲ့ autoတုံ့ပြန်မှုအရ အလန့်တကြား ထအော်လိုက်သည်။
"ခွေး...ခွေး...ခွေး....ခွေး!!''
ကျင်းလင်က နှုတ်ခမ်းရွဲ့ကာလက်ပိုက်လျှက်ဆိုသည်။
"ခွေးက အဝေးကြီးမှာကို ဒီအရွယ်ကြီးနဲ့ကြောက်နေတယ်...လိပ်ပြာပျိုလေးက မကိုက်တတ်ပါဘူး...''
ထိုအခါမှ ဝေ့ဝူရှန့်က မဆိုးချင်ဘဲ ချောင်းဟန့်လိုက်ကာ မေးလိုက်သည်။
"ဒါဆို မင်းက ငါ့ကို ဝေ့ဝူရှန့်လို့ မထင်ဘူးပေါ့...''
မကြာခင်က ဝေ့ဝူရှန့်ကိုတုတ်ချည်ထားသည့် ဇီထျန်းကို ကျင်းလင်က ဖြေပေးခဲ့သည်မို့ ကျင်းလင်က သူ့လက်ရှိ လက်စွပ်ကွင်းလေးကို ငုံ့ကြည့်ကာ ဖြေသည်။
YOU ARE READING
If we'll meet in another life(uni+zaw) 'System'
Fanfictionထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင့် မသေဆုံးသည့်ခန္ဓာနှင့် ဝိဉာဥ်ဟာ system လေးရဲ့ ဆွဲခေါ်ခြင်းခံလိုက်ရကာ တခြားကမ္ဘာရှိ ဝိဉာဥ်ပျောက်ဆုံးနေသည့် မှော်နက်အရှင် ဝေ့ဝူရှန့်၏ ခန္ဓာထဲမှာ ဝင်စားလိုက်ရတော့တယ်။ Zawgyi ထက်မြတ်ဆည်းဆာဟာ အက်စီးဒင့်န်တစ်ခုကြောင...