Part 7(ေမှာ်နက်အရှင် ပြန်လည်ရှင်သန်လာခဲ့ပြီ)

501 43 0
                                    

မှောင်မဲသွားတဲ့ သူ့ရဲ့ အမြင်အာရုံကြောင့် အသက်မရှင်နိုင်တော့ဘူး ဆိုတာ သိလိုက်ရသည်။ ဒီ ဘဝတော့ ဒီလောက်နဲ့ အဆုံးသတ်တော့မှာလား။ ကိုယ်ချစ်ရသူ နဲ့ မှ မပျော်ရွှင်ရသည့် ဘဝကြီးကိုလဲ သူမှ မလိုချင်တော့တာပဲလေ။ ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျ ပြုံးမိရင်း မျက်လုံးကို မှိတ်ချလိုက်တော့ ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဆွဲခေါ်ခံလိုက် ရသလို ခံစားချက်။

"အား....!'

အလန့်တကြား အော်မိရင်း ပတ်ဝန်းကျင်ကို ကြည့်တော့ ခရမ်းရောင် သန်းသည့် ရောင်ခြည်တန်းတွေ ကြားထဲ သူ လွင့်မျောလို့နေသည်။ ဒါက ဘာလဲ။ သူ နတ်ပြည် ရောက်သွားတာလား။

လွင့်မျောနေရင်း တစ်နေရာ အရောက် သူ့ကို လွှတ်ချလိုက်သလိုမျိုး ဘုန်းကနဲ။ အီစိမ့် နေအောင် နာကျင်သွားသည့် ခံစားချက် ကြောင့် မျက်နှာ ရှုံ့မိသည်။
သို့သော် နူးညံ့သည့် ခုတင်ကြောင့် အနည်းငယ် သက်တောင့် သက်သာတော့ ရှိပါသည်။ မဆိုးလှပါဘူး။

မျက်လုံးဖွင့်ကြည့်လိုက်တော့....ဟင်!.... ဒါက ဘယ်လို နေရာကြီးလဲ။ အပြင် အဆင်တွေက ရှေးဆန်လိုက်တာ သူ ဘယ်နေရာ ရောက်နေတာလဲ။ တကယ်ပဲ နတ်ပြည်ရောက်သွားတာလား။ ဒါပေမယ့် နတ်ပြည်ရောက်တဲ့သူက ဒီလောက် ကြမ်းကြမ်းတမ်းတမ်းကြီး ရောက်လာပါ့မလား။ နတ်သားက နတ်ပြည်ရောက်တာ ကျောတော့ မအောင့်လောက်ဘူးမလား။

ဟိုဒီကြည့်ရင်း သူ့ မျက်နှာ ရှေ့ တည့်တည့်က မိုးစက်လို ထိပ်ချွန်ချွန် နဲ့ ဖြူဖြူ လုံးလုံး အကောင်သေးသေးလေးတစ်ကောင် ရောက်လာကာ ပြုံးပြသည်။

ဒီ သေးသေး လေးကရော ဘာများလဲ။ ကာတွန်းထဲက အကောင်တွေကြားထဲရောက်နေတာလား။

"မင်္ဂလာပါ ကျွန်တော်က system ပါ'

"System?'

"ဟုတ်ကဲ့ လူကြီးမင်းရောက်ရှိနေတဲ့ ခန္ဓာက မှော်နက်အရှင် ဝေ့ဝူရှန့် ရဲ့ ခန္ဓာထဲမှာပါ...'

"ဟင်!'

"စိတ် မလှုပ်ရှားပါနဲ့ လူကြီးမင်းက အက်စီးဒန့် ဖြစ်ပြီး မေ့မျောနေတာပါ....'

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now