Part 12(ဆရာတူညီနှင့် ဆုံခြင်း)

229 23 0
                                    

မထင်မှတ်ထားပါပဲ လန်ကျန့်ဟာ ဆိုင်ခန်းထဲသို့ ခြေတစ်လှမ်းချပြီးလိုက်မိချင်း နောက်သို့ခြေလှမ်းပြန်ယုတ်လိုက်ပါ၏။ မျက်နှာ အမူအရာဟာ အေးဆေးဟန်ရှိသော်လည်း မျက်ခုံးတို့ မသိမသာကျုံ့လျှက်။ နောက်သို့ပြန်လှည့်ကာ သူ့အားဆိုလာသည်။

"တစ်နေရာသွားမယ်!'

ထိုအခါ သူရော နျဲ့ဟိုက်စန်း(ဂိုဏ်းချုပ်နျဲ့)​ေရာက တစ်ချိန်တည်း ပြိုင်တူ မေးမိသည်။

"ဘာဖြစ်တာလဲ...လန်ကျန့်!....'

"ဟန်ကွမ်းကျွင်း... ဘာများပြဿနာရှိလို့လဲ?'

ထိုအခါ လန်ကျန့်က နျဲ့ဟိုက်စန်း အား တစ်ချက် ခေါင်းညိတ်လျှက် အရိုအသေပြုကာ ဆိုလေသည်။

"ဂိုဏ်းချုပ်နျဲ့ နှောက်ယှက်မိပြီ'

ဤဆိုင်၌ ထမင်းစားဖိတ်ခြင်းကို ဖျက်ဆီးမိခြင်းအား အားနာဟန်ပြသည်။ ထိုအခါ နျဲ့ဟိုက်စန်းက ဆိုပါသည်။

"မဟုတ်တာ မဟုတ်တာ....ဟန်ကွမ်းကျွင်း နဲ့ ဒီက သခင်လေး အဆင်ပြေသလိုလုပ်ပါ....ကျွန်တော်က အရေးမကြီးပါဘူး'

ထိုအချိန်မှာပင် သူ့နားအတွင်းသို့ system ရဲ့ အသံဟာ ပျံ့လွင့်လာခဲ့ပါသည်။

"လူကြီးမင်းအား သတိပေးပါတယ်....ဆိတ်ညိမ်နေခြင်းဟာ မူလခန္ဓာပိုင်ရှင်ရဲ့ စရိုက်နှင့် ဆန့်ကျင်နေကြောင်း ပြင်းထန်စွာ သတိပေးပါတယ်....အမှတ်ဝက်လျော့....၈မှတ်ကျန်....'

System ရဲ့ သတိပေးချက်ကြောင့် မျက်လုံးပြူးသွားမိသည်။Wtf! ဒါကိုရော အမှတ်လျှော့တာပဲလား? ဒီလိုသာ ဆက်လျော့နေရင် သူထက်မြက်ဘဝကို ပြန်ရပါဦးမလား?  နည်းလမ်းအမြန်စဥ်းစားကာ အမှတ်ယူရန်ပြင်မိသည်။ ထို့နောက် လဲ့ကနဲ အသိဝင်လာကာ နျဲ့ဟိုက်စန်း ရဲ့ ပုခုံးအား တံတောင်နှင့် ရင်းနှီးစွာ မှီချလိုက်သည်။

"ဂိုဏ်းချုပ်နျဲ့! ....ခင်ဗျားက ဖော်ရွေတတ်သူပဲ....ဒီလိုလုပ်....ခင်ဗျားနဲ့ ကျွန်တော်နဲ့ သူငယ်ချင်းလုပ်ကြမယ် ဘယ်လိုလဲ?'

တကယ်လဲ မိတ်ဆွေသစ်လိုချင်သည်မို့။ တစ်နေ့တစ်နေ့ လန်ကျန့်ဆိုတဲ့ ရေခဲတုံးနဲ့ အတူနေရတာ ပျင်းသေတော့မည်ထင်သည်။ အဖော်အနေနှင့် systemအား စကားစမည်ပြောရန်လည်း system နှင့် စကားပြောမိတိုင်း ရန်ဖြစ်နေရသည်မို့ စိတ်ပျက်မိပါ၏။ ထို့ကြောင့် ဒီစကားဟာ သူ့စိတ်ရင်းနှင့် ဆိုမိခြင်း။

If we'll meet in another life(uni+zaw) 'System'Where stories live. Discover now